(11)

6.3K 477 48
                                    

Zawgyi🌴

ဒီနေ့ ရိပေါ် ခေါင်းမူးတယ်ဆိုလို့ ရှောင်ကျန့်က
ဆေးရုံကို လိုက်ပို့ပေးရတယ်။ ညတုန်းကလဲ
ချန်းယွီ အိမ်ကိုပြန်လာ လားဆိုတာ သူလဲ
မသိဘူးပေါ့။

"Daddy  ပါးပါးက ဘာဖြစ်တာတဲ့လဲ"

"Daddyလဲ မသိသေးဘူး"

ချန်းယွီရဲ့ မျက်နှာက အရမ်းကိုဖြူဖတ်နေတာကြောင့်
ရှောင်ကျန့် သေချာကြည့်မိတယ်။

"ချန်းယွီ မင်းနေမှကောင်းရဲ့လား ဘာဖြစ်တာလဲ
မျက်နှာက အရမ်းကိုဖြူဖတ်နေတာပဲ"

ချန်းယွီလဲ မျက်လုံးပြူးမိသွားကာ အတင်းပဲ
ငြင်းဆန်ဖို့ကြိုးစားတယ်။ ဒါတောင် ထော့နဲ့
ထော့နဲ့ လမ်းလျှောက်ပုံကိုရှောင်ကျန့်
မမြင်ရသေးဘူး။

"လူနာနဲ့ ဘာတော်လဲ"

ဒေါတာက စမ်းသပ်ပြီးတဲ့အခါမှာတော့၊
ရှောင်ကျန့်မျက်နှာကို တည့်တည့်ကြည့်ပြီး
မေးတယ်။

"ကျွန်တော်က သူ့ယောက်ျားပါ"

"အော်.. အသတ်ကိုပုံမှန်ရှူပါ ရှောင်ကျန့်
ပြီးတော့ ဖြေးဖြေးချင်းထုတ်ပါ ခင်ဗျားအတွက်
ဝမ်းသာစရာသတင်းကောင်းရှိတယ်"

ရှောင်ကျန့်ကတော့ ဒေါက်တာစကားကို၊
နားမလည်စွာပဲအူကြောင်ကြောင်ဖြစ်သွားတယ်။
ပြီးမှပဲ ဒေါက်တာပြောသလိုလိုက်နာလိုက်တယ်။

"ဂုဏ်ယူပါတယ် မကြာခင် ကလေးအဖေ
ဖြစ်တော့မယ်"

"ဗျာ"

ရှောင်ကျန့်သွေးတွေပြောင်းပြန်စီးဆင်းသွားတယ်။
အိမ်မက်များမက်နေတာလားလို့ ကိုယ့်ကိုယ်ကိုယ်
ဆွဲစိပ်ကြည့်တော့ အိမ်မက်မဟုတ်ဘူး
တစ်ကယ်ကြီးဖြစ်နေတာ..

"ဟုတ်ပါတယ် ခင်ဗျားနားကြားမမှားပါဘူး
ပုံမှန်ထက်တော့ပိုဂရုစိုက်ဖို့ လိုတယ်ဗျ..
ဘာလို့လဲဆိုတော့ ယောက်ျားလေးတွေက
ကိုယ်ဝန်ဆောင်ဖို့မွေးလာတာမဟုတ်လို့ပါ
လူအယောက်၁၀၀မှာ ဒါမျိုးက တစ်ယောက်ပဲ
ဖြစ်တတ်တယ် မိန်းကလေးတွေထက် ၂စ
ပိုဂရုစိုက်ဖို့တော့ လိုတယ်"

ရှောင်ကျန့် အရမ်းပျော်သွားတယ် မျက်ရည်တွေတောင်
ကျတော့မလို့ပဲ

အၾကင္နာအင္အား(အကြင်နာအင်အား) S2 CompleteWhere stories live. Discover now