(5)

7.1K 474 73
                                    

Zawgyi 🌴

နောက်တစ်နေ့မှာ ရှောင်ကျန့် ကလေးငယ်ထက်
အရင်ဆုံးထရတယ် ပြီးတာနဲ့ ရင်ခွင်ထဲမှာရှိတဲ့
ကလေးငယ်ရဲ့ ပါးဖောင်းဖောင်းလေးကို တစ်ချက်
နမ်းလိုက်တယ် ညတုန်းကမဆက်ဆံပေမယ့်
လည်တိုင်လေးကိုတော့ ကိုက်ရာတွေပေးပြီး
အနမ်းတွေပါ အနှံ့ပေးထားသေးတယ်
တော်သေးတာပေါ့ ဒါတောင် ကလေးငယ်က
ဖျားနေလို့ မဟုတ်ရင်တော့ ဒီကောင်လေးကို
တစ်စစီ လုပ်ပြစ်မိမယ်ထင်တယ်

ထို့နောက် မနက်ခင်းလုပ်ငန်းစတင်လိုက်သည်..
ရေချိုး အဝတ် ဝတ်ပြီးတာနဲ့ ကလေးငယ်စားဖို့
အတွက် ကိုယ်တိုင် ဆန်ပြုတ်လုပ်ပေးရန်
စားဖိုဆောင်ထဲကို ဝင်လိုက်သည်..

ကလေးငယ် အားရှိရန်အတွက် ကြက်သားဆန်ပြုတ်
လုပ်ပေးဖို့သာ ပြင်ရသည်..

"ဝှား.. အား"

ဝမ်ချောင်နဲ့ ရွှယ်ယမ်၂ယောက်လုံး ဝီရိယ
ကောင်းနေတဲ့ သခင်ကြီးကြောင့် လန့်သွားပြီး
အော်မိသည်

"အဲ့ဒါ ဘာဖြစ်ကြတာလဲ"

"ကျွန်တော်တို့က သခင်ကြီးကိုမေးရမှာလေ
သခင်ကြီးက ဘာလုပ်နေတာလဲ "

"အဟွန်း.. ငါ့ကလေးစားဖို့အတွက်
ဆန်ပြုတ်လာလုပ်နေတာ"

"အာ.. အဲ့ဒါများ၊ သခင်ကြီးရယ်၊ အိမ်အကူတွေကို၊
လုပ်ခိုင်းရင်၊ ရရဲ့သားနဲ့။

"ရမလားကွ၊ ငါ့ကလေးလေးဘာကြိုက်လဲ၊
ဘယ်လိုပုံစံကြိုက်လဲဆိုတာငါကလွဲပြီး
ဘယ်သူသိမှာလဲ။

"ဟုတ်ပါပီ၊ သခင်ကြီးရယ်၊ ကျွန်တော်တို့ပဲ
မှားပါတယ်။

သခင်ကြီးရဲ့ချစ်တတ်မှုနဲ့ ကက်ကက်လန်
ပြန်ပြောမှုကြောင့်၊ သူတို့မှာလက်မြှောက်ကာ
အရှုံးပေးလိုက်ရသည်

"ဒါဆိုလဲ ချန်းယွီအတွက်Breakfastပြင်ပေးလိုက်"

"ဟုတ်..!

"Daddy !!

ထိုစဉ် ချန်းယွီက စားဖိုဆောင်ထဲမှာအလုပ်ရှုပ်နေတဲ့
Daddyကို ခေါ်လိုက်သည်

"အော်၊ ချန်းယွီလေးတောင်နိုးလာပီ
ထိုင်နေနော်၊ ချန်းယွီစားဖို့အတွက်၊ ဦးလေး
ဝမ်ချောင်တို့ကBreakfast, ပြင်ပေးလိမ့်မယ်။

အၾကင္နာအင္အား(အကြင်နာအင်အား) S2 CompleteWhere stories live. Discover now