(3)

8.5K 499 133
                                    

Zawgyi 🌴

"ကျွန်တော် ရေချိုးလိုက်ဦးမယ်နော်.. ဦး"

"ဟုတ်ပီ.. ကလေးလေး.. ဦးစောင့်နေမယ်နော်"

"ဟုတ်!!!

ရိပေါ် ရှောင်ကျန့်ရဲ့ ပါးလေးကို ရွှတ်ခနဲ့ နမ်းကာ
ရေချိုးခန်းထဲကို ဝင်သွားတော့တယ်..

ဒေါက် ဒေါက် ဒေါက်

"Daddy အခန်းထဲမှာ ရှိလား သားဝင်ခဲ့မယ်နော်"

"ဝင်ခဲ့"

မနက်က ကိစ္စအတွက် Daddy ကိုတောင်းပန်ရန်
လိုအပ်တာကြောင့် ချန်းယွီလေးက
နွားနို့ခွက်လေး ကိုင်ပြီး အခန်းထဲကို
ဝင်လာခဲ့သည်

"Daddy !!

daddyက ညဝတ်အင်္ကျီအပါးလေး ဝတ်ထားတော့
အရမ်းကြည့်လို့၊ ကောင်းနေသည်

"ဘာကိစ္စလဲ... "

"ဟိုလေ.. အဲ့ဒါက..မနက်က ကိစ္စကို
တောင်းပန်ချင်လို့ပါ Daddy မထင်မှတ်ပဲ.....

"အာ.. မလိုဘူး"

ချန်းယွီစကားမဆုံးခင်မှာပဲ ရှောင်ကျန့်က
ဖြတ်ပြောလိုက်သည်

"Daddy စိတ်ထဲ ဘာမှ မရှိတော့ပါဘူး.  "

"ဒါ.. ဒါဆို Daddy စိတ်မတိုဘူးပေါ့နော်"

ချန်းယွီက အပြုံးတစ်ခုကို နှုတ်ခမ်းထက်မှာ
ချိတ်ဆွဲပြီး ဝမ်းသာအားရပြောလာသည်

"စိတ်မတိုပါဘူး ချန်းလေးရယ်.. စောစော
သွားအိပ်တော့နော် ညစာကော စားပြီးပြီလား"

"ဟုတ်.. စားပြီးပြီ Daddy အခု Daddy အတွက်
နွားနို့လာပို့တာ"

"အင်း.. အဲ့နားမှာပဲ ထားခဲ့ပြီး သွားတော့"

"ဟုတ်!!

ချန်းယွီ တစ်ခန်းလုံးကို မသိမသာ ကြည့်ပြီး
အကဲခတ်နေသည်

Daddy အနားကို ဒီထက် ပိုပြီး ဘယ်လိုနည်းနဲ့
ချဉ်းကပ်ရမလဲ..

"ဟီး.. Daddy ..

ချန်းယွီရဲ့ အသံကြောင့် Laptop ပေါ်မှာ
ပြေးလွှားနေတဲ့ လက်တွေက ရပ်တန့်သွားကာ
တည်ငြိမ်စွာပဲ တစ်ချက်ကြည့်လာသည်

"ဘာဖြစ်လို့လဲ!!

"ပါးပါးကို မမြင်ဘူး ဘယ်မှာလဲဟင်.. "

အၾကင္နာအင္အား(အကြင်နာအင်အား) S2 CompleteOnde histórias criam vida. Descubra agora