At the Heaven....
ကောင်းကင်ဘုံ၏ ခမ်းနားကြီးကျယ်လှသော နန်းတော်တစ်ခုတွင် အရှင်သခင် Jeon သည် သူ၏သားတော်ငယ်အဆိုးလေး နားပူနားဆာ တောင်းဆိုချက်ကြောင့် ခေါင်းရှုပ်နေလေသည်၊
ထိုအချိန်....
"အရှင်သခင် Jeon ၊ မင်းသား Jeon က အရှင့်အား တွေ့ချင်ကြောင်း လျှောက်တင်ပါတယ်"
"ဝင်ခိုင်းလိုက်ပါ"
"ဟုတ်ကဲ့ပါ အရှင်"
▫◽▫◽▫◽▫◽▫◽▫◽▫◽▫◽▫◽▫◽▫◽▫◽
ခဏအကြာ ဝင်လာသော သားတော်ငယ်အား
"သားတော်ငယ် ဘာကိစ္စများရှိလို့လဲ"
"အဖေကလည်း သားတော် ညက ပြောထားတဲ့အကြောင်းလေ အဲ့ဒါ အဖေ့ဆီက ခွင့်ပြုချက်လာတောင်းတာ"
"အဖေခွင့်မပြုနိုင်ဘူး သားတော်ငယ်၊ သားက အသက်အရွယ်ငယ်သေးတဲ့အချိန်ဖြစ်လို့ လူ့ပြည်ကို လွှတ်ရမှာ အဖေစိတ်မချဘူး"
"အဖေကလည်းဗျာ သားတော် ကိုယ့်ဘာသာကိုယ် ကာကွယ်တတ်နေပါပြီ"
"မရဘူး သားငယ် အဖေ စိတ်မချဘူး"
Jung Kook တစ်ယောက်သည် လိုချင်တာမရ,ရအောင် ယူတတ်သောသူတစ်ယောက်ဖြစ်၍ အရှင်သခင် Jeon အား ခွင့်မပြုမချင်း မရမက ပူစာနေလေသည်၊
"ခွင့်ပြုပေးပါ အဖေရယ်"
အရှင်သခင် Jeon လည်း သူ၏ သားတော်ငယ်လေး မျက်နှာငယ်သွားသည်ကိုမြင်၍ စိတ်မကောင်းဖြစ်မိလေသည်၊ သားတော်မွေးဖွားခဲ့စဉ်ကတည်းက သားတော်၏ အမေဖြစ်သူ (ခေါ်) သူ၏ ကြင်ယာတော်မိဖုရားသည် သားတော်ငယ်အား မွေးဖွားပြီးမကြာ အကြောင်းအရာတစ်ခုကြောင့် နတ်သတ်ကြွေသွားခဲ့လေသည်၊
ထို့ကြောင့် သူ၏ ရင်နှင့်သည်းခြား သားတော်ငယ်အား အဖေလိုတစ်မျိုး အမေလိုတစ်ဖုံ နွေးထွေးသောမေတ္တာတို့အားအပြည့်အဝပေး၍ လိုလေသေးမရှိရလေအောင် ဒီနေ့ဒီအချိန်ထိ ပြုစုစောင့်ရှောက်ခဲ့လေသည်၊ သားတော်ငယ် စိတ်ချမ်းသာဖို့အရေး ခွင့်ပြုလိုက်လေသည်၊
"ကဲ..... ဒါဆိုလည်း သွားခွင့်ပြုလိုက်မယ်"
"အဖေ တကယ်ပြောတာနော် လူ့ပြည်ကို သွားခွင့်ပြုပြီပေါ့နော်"