85 14 0
                                    

Seok Jin သည် Jimin ၏ မျက်ဝန်းသေလေးများအား စိုက်ကြည့်နေရင်း....

"Jimin လေးက"

သိချင်စိတ်တို့နှင့် မနေနိုင်စွာ Seok Jin သည် Tae Hyung အား လက်ဟန်ခြေဟန်ဖြင့် မေးလေသည်၊ Tae Hyung သည် Jimin အား ကြည့်၍

"ဟုတ်တယ် အကို Seok Jin ၊ ကျွန်တော့်သူငယ်ချင်း Jimin က Blindness တစ်ယောက်ပါ"

"အဲ့ဒါ အမြင်ပြန်ရလာအောင် မကုဘူးလား"

Tae Hyung သည် သက်ပြင်းတစ်ချက်ချ၍

"ကျွန်တော်လည်း Jimin ကို ဆေးကုဖို့ အာပေါက်မတက် ဖြောင်းဖြနေတာ အကို Seok Jin ရဲ့၊ သူကကို အခုထိ ပေတေပြီး နေ,​နေတယ်"

Tae Hyung ၏ စကားကို ကြားသော Jimin က

"မဟုတ်ပါဘူး Tae Hyung ရာ၊ ငါမင်းတို့ မိသားစုကို အားနာလို့ပါကွာ"

"Jimin!! ပြောပြန်ပြီ၊ ဒီအားနာစရာ စကား၊ ငါနော်...."

Tae Hyung သည် Jimin ၏ ခေါင်းလေးအား လက်လေးဖြင့် မနာအောင်ထု၍ ဆူနေလေသည်၊ Jimin နှင့် Tae Hyung အား ကြည့်ကာ Seok Jin မှ

"Tae Hyung.... "

"ဗျ "

"မင်းသူငယ်ချင်း Jimin ကို အမြင်အာရုံပြန်ရစေချင်လား"

"ပြန်ရစေချင်တာပေါ့ အကိုရယ်၊ သူ့ကို ဒီဘဝကြီးထဲမှာ မနစ်မွန်းစေချင်တော့ဘူး၊ သာမန်လူငယ်တွေလိုပဲ ပျော်ပျော်ပါးပါးနေစေချင်မိတယ်"

Seok Jin သည် Tae Hyung ၏ စကားတို့အား နားထောင်ရင်း ခေါင်းငြိမ့်ကာ ၊ သူ၏ wallet ထဲမှ လိပ်စာကဒ်တစ်ကဒ်အား ထုတ်ပေးလေသည်၊

"ဟုတ်ပြီ Tae Hyung ရော့....၊ မင်းတို့ အဆင်ပြေတဲ့နေ့ ဒီလိပ်စာအတိုင်း လာခဲ့"

Tae Hyung သည် Seok Jin ပေးသော လိပ်စာကို ယူ၍ တစ်ချက်ကြည့်ကာ

"အကိုက"

"ဟုတ်တယ်၊ အကိုက မျက်စိနှင့် အာရုံကြောအထူးကု ဆရာဝန်တစ်ယောက်ပါ"

Tae Hyung သည် Jimin အား

"Jimin!! ၊ အကို Seok Jin က မျက်စိနှင့် အာရုံကြောဆရာဝန်တဲ့၊ အဲ့ဒါ မင်းမျက်လုံးတွေ ပြန်မြင်လာအောင် ကုရအောင်ကွာ၊ နော် Jiminie ၊ မင်းဒီတစ်ခါတော့ မငြင်းပါနဲ့တော့ကွာ"

Your Eyes TellWhere stories live. Discover now