94 14 2
                                    

Imagine your face
Say hello to me
Then all the bad days
They're nothing to me
With you

Winter Bear ~~~~ 🎶

ဖုန်းမြည်သံကြား၍ Jimin တစ်ယောက် မနက်ခင်းမှ နိုးထလာလေသည်၊ အိပ်ရာဘေးက စားပွဲခုံပေါ်တွင် တင်ထားသော သူ၏ Keypad ဖုန်းလေးအား ယူလိုက်လေသည်၊ တခြားသူတွေလို အခုခေတ်ပေါ်နေတဲ့ Tap Screen ဖုန်းတွေကိုင်ဖို့ကလည်း သူ့အတွက်တော့ အဆင်မပြေလှ၊ Keypad ဖုန်းလေးကသာ သူ့အတွက် အသင့်တော်ဆုံးပင်၊

အဲ့ဒါကြောင့် Tae Hyung တစ်ယောက် သူ့အား အရေးရယ်အကြောင်းရယ် ဆက်ဖို့အတွက် Keypad ဖုန်းလေးတစ်လုံးဝယ်ပေးကာ သင်ပေးထားလေသည်၊ သူ့ ဖုန်းရဲ့ Contact list မှာရှိတဲ့သူဆိုလို့ Tae Hyung ရယ်, Tae Hyung ၏ အဖေနဲ့ အမေရယ်, တစ်နေရာနှင့်တစ်နေရာ သွားရလာရအဆင်​ပြေရန် ယုံကြည်ရတဲ့ အသိ TAXI ဦးလေးကြီးရယ်သာ၊ ဒီ Ringtone သံကတော့ ကျိန်းသေ Tae Hyung ခေါ်တာပဲဖြစ်ရမယ်၊ သူဖုန်းခေါ်မှန်း သိအောင်လို့ Tae Hyung က ဒီ Ringtone သံလေးကို ပေးထားပေးတယ်၊

အတွေးတို့အား ခဏရပ်ကာ Tae Hyung ခေါ်ဆိုသည့် ဖုန်းအားကိုင်ရန် ဖုန်းကိုင်မည့် ခလုတ်လေးတစ်ခုအား လက်နှင့်စမ်း၍ နှိပ်လိုက်လေသည်၊

"Hello ~~"

"Hello Jimin ၊ ဘာလုပ်နေလို့ အခုမှ ဖုန်းကိုင်တာလဲ၊ မင်းတစ်ခုခုများဖြစ်နေတာလား"

"မဖြစ်ပါဘူး Tae Hyung ရဲ့၊ ငါအိပ်ပျော်နေလို့ပါ"

"အေးပါ၊ မင်းတစ်ခုခု ဖြစ်နေလားလို့ စိတ်ပူနေတာ"

"မဖြစ်ပါဘူးကွာ၊ ဒါနဲ့ မင်းဘာပြောမလို့လဲ"

"ဒီလို Jimin ရေ၊ ငါဒီနေ့မင်းကို Sakura Garden ကို လိုက်မပို့ပေးနိုင်တော့ဘူး ၊ ဒီနေ့ ကုမ္ပဏီမှာ အရေးကြီးတဲ့ အစည်းအဝေးလေးရှိလို့ ၊ ငါတို့ Bussiness ပိုင်းက Project အသစ်တစ်ခုကို သူဌေးကို တင်ပြရမှာမို့လို့ အဲ့ဒါကြောင့်ပါ"

"ရပါတယ် Tae Hyung ရဲ့၊ ခါတိုင်းလည်း မင်းမပါဘဲ သွားနေကြကို"

"မင်း အဆင်မပြေရင် ငါ့အမေနဲ့အဖေကို လိုက်ပို့ခိုင်းလိုက်မယ်လေ"

"ဟာ.... မလုပ်ပါနဲ့ Tae Hyung ရဲ့ ၊  ဦးလေးနဲ့အန်တီကို သက်သက်မဲ့ ပင်ပန်းအောင်လို့ ၊ ငါအဆင်ပြေပါတယ်၊ မင်းစိတ်မပူနဲ့"

Your Eyes TellWhere stories live. Discover now