နတ်သားလေးတစ်ပါးကတော့ Cupid ကြီး ညွှန်ပြသော နေရာကို လှမ်းကြည့်လိုက်ကတည်းက အခုထိ အကြည့်မခွာနိုင်ဖြစ်ကာ ထိုချယ်ရီပင်ရှိရာ နေရာလေးအား မျက်တောင်မခတ်ဘဲ မလွတ်တမ်း စိုက်ကြည့်နေလေသည်၊
Ho Seok နှင့် Cupid ကြီးတို့နှစ်ယောက် ပြောသမျှစကားများအား နတ်သားလေး Jung Kook ၏ နားထဲတွင် မကြားနိုင်တော့လောက်အောင် ဖြစ်သွားရခြင်းမှာ သူ၏ အမြင်အာရုံတစ်ခုလုံးကို ဖမ်းစားသွားသော ပုံရိပ်လေးတစ်ခုကြောင့် ဖြစ်လေသည်၊
ထိုပုံရိပ်လေးကတော့....
Jung Kook နှင့် Ho Seok တို့ လူ့ပြည်သို့ ထွက်လာရာ ချယ်ရီပင်ကြီး၏အောက်မှာ တစ်ကိုယ်လုံး အဖြူဝမ်းဆက်ဖြင့် ဝတ်ဆင်ထားကာ မျက်လုံးလေးများမှိတ်ပြီး ခံစားချက်အပြည့်ဖြင့် တယောတီးခတ်နေသော ကောင်လေးတစ်ယောက်ပင် ဖြစ်သည်၊ Jung Kook တစ်ယောက် သူကိုယ်တိုင်တောင် သတိမထားမိဘဲ သူ၏ခြေလှမ်းများက ထိုတယောထိုးနေသော အဖြူကောင်လေး၏ အနားသို့ တဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလေသည်၊အနောက်တွင် စကားပြောကာ ကျန်ခဲ့သော သူ၏ ကိုယ်ရံတော် Ho Seok နှင့် Cupid ကြီးတို့နှစ်ယောက်အား မည်သို့မည်ပုံကျန်ခဲ့သည်မှာ သတိမထားမိတော့ချေ ၊ သူ၏ အာရုံတစ်ခုလုံးက သာယာငြိမ့်ငြောင်းစွာ ထွက်ပေါ်လာသော တယောသံစဉ်၏ ပိုင်ရှင်လေးဆီကိုသာ စိုးမိုးထားလေသည်၊
ထိုနတ်သားလေး၏ အမြင်အာရုံကို စိုးမိုးထားသော တယောသံစဉ်ပိုင်ရှင်လေးကတော့ Park Jimin ပါပဲ၊
လေတိုက်တိုင်း ကြွေကျသွားသော ချယ်ရီပွင့်ဖတ်လေးတွေကြား ငြိမ့်ငြောင်းစွာ ထွက်ပေါ်လာသော တယောသံစဉ်လေးတွေက ချယ်ရီပန်းရနံ့များဖြင့် သင်းပျံ့နေသော လေပြေလေညှင်းလေးများနှင့်အတူ ထိုပန်းခြံတစ်ဝန်းလုံးသာမက Jung Kook ၏ နှလုံးသားလေးကိုပါ ဖြတ်သန်းတိုက်ခတ်သွားလေသည်၊
Jung Kook တစ်ယောက် Jimin ရှိရာ ချယ်ရီပင်ကြီးဆီသို့ တရွေ့ရွေ့ဖြင့် ရောက်သွားလေရာ၊ ထိုလူအုပ်ကြီးအား ဖျော်ဖြေပေးနေသော Jimin ကိုသာ သူ၏ ဖန်လို ကြည်တောက်နေသော မျက်ဝန်းဝိုင်းဝိုင်းလေးများဖြင့် မမှုန်မသုန်စိုက်ကြည့်နေကာ....၊