92 15 2
                                    

Jung Kook နှင့် Ho Seok တို့သည်လည်း Cupid ကြီးအား နှုတ်ဆက်ပြီး Sakura Garden မှ နတ်သား Min Yoon Gi ရှိရာသို့ ထွက်လာခဲ့ကြလေသည်၊

နတ်သား Min Yoon Gi ဆီသို့ သွားရာလမ်းတွင် Ho Seok မှ

"မင်းသား Jeon"

"Jung Kook လို့ ခေါ်ပါဆို၊ လူ့ပြည်ပဲ ရောက်နေပြီကို"

Ho Seok အား မျက်စောင်းတစ်ချက်ထိုးကာ ဆိုလေသည်၊ Ho Seok လည်း ရယ်လျက်

"ဟုတ်ပါပြီ Jung Kook ရဲ့၊ အကို Jung Kook ကို သတိပေးစရာရှိလို့"

"ဘာများလဲ Ho Seokie ရဲ့"

"ဒီလိုပါ အကိုတို့ နတ်သားတွေက ကောင်းကင်ဘုံရဲ့ တာဝန်ပေးမှုအရဘဲ အစွမ်းထုတ်သုံးလေ့ရှိကြတာ၊ မလိုအပ်ဘဲ ကိုယ့်အစွမ်းကို ထုတ်သုံးလို့မရဘူး"

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ နတ်သားတစ်ပါးက အထက်က အမိန့်မပါဘဲ အစွမ်းထုတ်သုံးခဲ့သည်ရှိသော် နတ်သားတစ်ပါးရဲ့ နတ်ကျက်သရေတွေ ဆုံးရှုံးရလိမ့်မယ်၊ Jung Kook လည်း သိမှာပါ၊ အကိုတို့လို နတ်သားတွေရဲ့ အရေးကြီးဆုံးအရာက နတ်ကျက်သရေဆိုတာ၊ အဲ့ဒါ Jung Kook သိအောင် အကို ပြောပြတာ "

Ho Seok ၏ စကားအား Jung Kook ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေသည်၊

"အကယ်၍ ကျွန်တော် တစ်ခုခု ဒုက္ခရောက်ခဲ့ရင်ရော၊ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ အစွမ်းတွေ မသုံးရတော့ဘူးလား"

Jung Kook ၏ စကားအား ပြန်မဖြေဘဲ Ho Seok သည် သူ၏ အမြဲပါလေရာ လွယ်ထားတတ်သော ဘေးလွယ်အိတ်လေးထဲမှ တစ်စုံတစ်ခုအား ထုတ်နေလေသည်၊ ပြီးနောက် ဘေးလွယ်အိတ်လေးထဲမှ ထုတ်ပြီးလေသော ပစ္စည်းလေးတစ်ခုကို Jung Kook အား ပေးလေသည်၊

"ရော့ Jung Kook "

Ho Seok ပေးသော ပစ္စည်းလေးအား ယူကြည့်လိုက်သော်

"ဟင်.... Hand Chain လေး"

"ဟုတ်တယ် Jung Kook ရဲ့၊ အရှင်သခင် Jeon က ဒီလူ့ပြည်ကို မလာခင် ညက အကို့ကို သူ့ဆီလာဖို့ Jung Kook လေးကိုတောင် ခေါ်ခိုင်းလိုက်သေးတယ်လေ၊ အဲ့တုန်းက အရှင်သခင် Jeon က Jung Kook လေး လူ့ပြည်မှာ အန္တရာယ်တစ်စုံတစ်ခု ဖြစ်မှာစိုးရိမ်လို့ ဒီ Hand Chain လေးကို Jung Kookကို ပေးခိုင်းလိုက်တာ၊ အဲ့ဒါလေးကို လက်မှာဝတ်ထား ဘာအကြောင်းကြောင့်နဲ့မှ မချွတ်မိစေနဲ့"

Your Eyes TellWhere stories live. Discover now