At the Heaven.... 🌫
Jung Kook တို့ လူ့ပြည်သို့သွားမည့်နေ့ မနက် အာရုံတက်ချိန်တွင်
"Ho Seokie သွားမယ်လို့ ကြာလိုက်တာ၊ အာရုံတက်ချိန်တောင် ကျော်လုနီးနီးဖြစ်နေပြီ"
မင်းသား Jeon တစ်ယောက် လူ့ပြည်သို့ သွားရန်ပင် စိတ်ကြီးစိုးနေလေသည်၊
"လာပါပြီ မင်းသား Jeon ရဲ့!!"
JK's pov
အားပါးပါး ~~ ကျယ်လိုက်တဲ့အသံ၊ လူကိုမတွေ့ရသေးဘူး အသံက သူ့ထက်အရင် အရှေ့ဆုံးက၊ Ho Seokie ရဲ့ ဖူးစာဖက်ကိုတော့ သနားတယ်၊ သူ့အသံကြောင့် သူ့ဖူးစာဖက်တစ်ယောက် နားပင်းသွားနိုင်တယ်၊သို့သော် Ho Seok တစ်ယောက် မင်းသား Jeon ဆီလာရာ လမ်းတစ်ဝက်တွင် သူ၏ဝတ်ရုံတော်အောက်ခြေစကို တက်နင်းမိ၍ ခလုတ်တိုက်ကာ ဝမ်းလျားထိုးကြီး မှောက်လဲကျသွားလေသည်၊
"အံမလေး!! သေပါပြီဟ ငါ့ဒူးခေါင်းလေး"
"ကြည့်၊ အမြဲတမ်း နမော်နမဲ့ ဖြစ်လိုက်ရမှ"
Jung Kook တစ်ယောက် မှောက်လျက် လဲကျနေသော Ho Seok အား ပြေးထူပေးလိုက်ရလေတော့သည်၊
"ထ! ထ! သွားရမယ့်အချိန်တွေတောင် ကျော်ကုန်ပြီ"
"တောင်းပန်ပါတယ် မင်းသား Jeon"
"ရတယ် လာ၊ သွားကြရအောင်
ခြေထောက်ကရော အဆင်ပြေရဲ့လား""ဟုတ်ကဲ့ အဆင်ပြေပါတယ် မင်းသား"
ဒီလိုနှင့် Jung Kook နဲ့ သူ၏ ကိုယ်ရံတော် Ho Seok တို့နှစ်ယောက် လူ့ပြည်သို့သွားရန် ကောင်းကင်ဘုံ၏ ဂိတ်တံခါးဝသို့ ထွက်ခဲ့ကြလေသည်၊
လူ့ပြည်သို့သွားရာ လမ်းတွင်
"ဒါနဲ့ Ho Seokie"
"ဟုတ်ကဲ့ ပြောပါ မင်းသား Jeon"
"ဒီကောင်းကင်ဘုံနဲ့ လူ့ပြည်ရဲ့ ဆက်စပ်ထားတဲ့နေရာက ဘယ်နားမှာရှိတာလဲ"
"အဲ့နေရာက 'Sakura Garden' လို့ခေါ်တဲ့ ချယ်ရီပင်တွေချည်းပဲ ရှိတဲ့ ပန်းခြံတစ်ခုပါ မင်းသား Jeon"
"ဒါဆို လူ့ပြည်ကနေ ကောင်းကင်ဘုံကို ပြန်သွားမယ်ဆိုရင်ရော အဲ့နေရာကို ဘယ်လိုရှာရမလဲ"