Ho Seok တစ်ယောက် သူ၏ မင်းသား Jeon စားချင်သော ice - cream ကိုဝယ်ပြီးအပြန် သူစောင့်ခိုင်းထားသောနေရာတွင် မင်းသား Jeon အား မတွေ့တော့သဖြင့်
"မင်းသား Jeon ဘယ်ရောက်သွားပြန်ပြီလဲ ၊ ဒီကလေးနှယ် ဘယ်မှလျှောက်မသွားပါနဲ့ဆိုမှကို ၊ ဒုက္ခပါပဲ"
ရေခဲမုန့်နှစ်ခုအား လက်တစ်ဖက်စီကိုင်၍ မင်းသား Jeon ရှာပုံတော်ဖွင့်ရလေသည် ၊
" Jung Kook ရေ ၊ ဘယ်ရောက်သွားတာလဲကွာ ၊ တစ်ခုခုဖြစ်နေမှဖြင့်"
ကိုယ်ရံတော် Ho Seok တစ်ယောက် Jung Kook အား စိုးရိမ်စိတ်ကြီးစွာ လိုက်ရှာနေရင်း လူတစ်ယောက်အား မတော်တဆ ဝင်တိုက်မိလေသည် ၊
"တောင်းပန်ပါတယ်ဗျာ"
"ကျစ် ဟာကွာ.... အကုန်ပေကုန်ပြီ ၊ မင်းလမ်းကို သေချာကြည့်မလျှောက်ဘူးလား !! "
▫◽▫◽▫◽▫◽▫◽▫◽▫◽▫◽▫◽▫◽▫◽▫◽
Tae Hyung ဆိုသူသည် သူ၏ သူငယ်ချင်း Jimin အား သွားကြိုရန် အလုပ်ဆင်းပြီးပြီးချင်း Sakura သို့ အမြန်သွားရလေသည် ၊ အမြင်အာရုံပျောက်ကွယ်နေတဲ့ သူ၏သူငယ်ချင်းအဖို့ တစ်ခုခုဖြစ်မှာလည်း စိုးရိမ်ရသည် ၊ Jimin ကလည်း ခေါင်းမာလွန်းလှသည် ၊ အမြင်အာရုံ ပျောက်ကွယ်သွားသော အချိန်ကတည်းက ကိုယ့်မိသားစုက လုပ်ကျွေးပြုစုပေးသည်ကို အားနာသည့်အတွက်ကြောင့် ဆက်ပြီး ဒုက္ခမပေးချင်တော့ဟုဆိုကာ အိမ်ခွဲနေပြီး သူတတ်ကျွမ်းသော ပညာရပ်ဖြင့် ကိုယ့်ကိုယ်ကို ပျိုးထောင်လေသည် ၊
Tae Hyung လည်း တွေးရင်းနှင့် Sakura သို့ရောက်လာကာ Jimin ရှိရာ ချယ်ရီပင်ကြီးဆီသို့ အမြန်ပြေးသွားလိုက်လေသည် ၊ အလောတကြီးပြေးနေရာမှ သူ့အား လူတစ်ယောက်မှ ဝင်တိုက်လေရာ ရင်ဘတ်တစ်ခုလုံးလည်း အေးခနဲ ဖြစ်သွားလေသည် ၊ ဝင်တိုက်သူအား သေချာကြည့်လိုက်တော့ လက်နှစ်ဖက်တွင် ပုံပျက်နေသော ရေခဲမုန့်တစ်ခုစီအား ကိုင်လျှက်ရှိနေသော ကောင်လေးတစ်ယောက် ၊ သူ့ရင်ဘတ်အား ငုံ့ကြည့်လိုက်တော့ အင်္ကျီတစ်ခုလုံး ရေခဲမုန့်တွေ ပေကျံနေလေသည် ၊
"တောင်းပန်ပါတယ်ဗျာ"
ဝင်တိုက်သော ကောင်လေးမှ တောင်းပန်စကားဆိုလေရာ သူလည်း Jimin အပူနဲ့ဆိုတော့ ၊ နဂိုထဲက စိတ်ဆက်တတ်တဲ့ သူလည်းဖြစ်တော့