Somewhere in KOREA....
"Jimin ၊ Park Jimin ရေ...."
"Tae Hyungie"
"အင်း ဟုတ်တယ်၊ ငါ Tae Hyung
မင်း ဒီနေ့ Sakura Garden ကို သွားမှာမလား""သွားမှာလေ Tae Hyung ရဲ့ အမြဲတမ်း သွားနေကြကို"
"ဒါဆို ငါပါ လိုက်ခဲ့မယ်"
"ဘာလဲ ငါ့ကို စိတ်မချပြန်ဘူးလား !"
JM's pov
အင်း....၊ Tae Hyung တစ်ယောက် စိတ်မချချင်လည်း မချစရာ၊
သူသည် မျက်မမြင်တစ်ယောက်ပင် မဟုတ်ပေလား၊အသက် ၇ နှစ်အရွယ်တုန်းက သူ၏မိဘများနှင့် မွေးရပ်မြေဖြစ်တဲ့ Busan သို့ အလည်သွားရာလမ်းမှာ ကား Accident တစ်ခုကြောင့် သူ၏မျက်လုံးများမှာ အမြင်ကွယ်သွားသလို၊ သူ၏ ချစ်လှစွာသော မိဘနှစ်ပါးကိုလည်း ထိုကား Accident တွင် ထာဝရဆုံးရှုံးခဲ့ရလေသည်၊အမြင်အာရုံပါမက မိဘပါဆုံးရှုံးလိုက်ရသောသူ့ကြောင့် ဆွေမျိုးများမှလည်း သူ့အား လူပိုတစ်ယောက်ဟု သတ်မှတ်ကာ သူ၏မိဘများ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများအား လောဘတကြီးဖြင့် သိမ်းပိုက်လေသည်၊ သူ၏ အရွယ်သည် ကလေးသာသာ ငယ်ရွယ်လွန်းတဲ့အတွက်ကြောင့် ဘာတစ်ခုမှ မကာကွယ်နိုင်ခဲ့ပေ၊
ဗလာနတ္ထိဖြစ်သွားသော သူ၏ဘဝကို ငယ်သူငယ်ချင်းဖြစ်တဲ့ Tae Hyung တို့ မိသားစုမှ သူ့အား ခေါ်ယူ၍ ပြုစုစောင့်ရှောက်ထားလေသည်၊ Tae Hyung တို့မိသားစုကလည်း သူ့အတွက် ယူကြုံးမရဖြစ်ကာ သူ့အား အခုလိုဘဝသို့ ရောက်အောင်လုပ်ခဲ့သောလူတွေကို အပြစ်ပေးရန် သူ့အား ခဏခဏလာပြောကြလေသည်၊
ဤသို့ဖြစ်ရခြင်းမှာ လောဘကြီးသော သူ့ရဲ့ဆွေမျိုးများ၏ လက်ချက်ကြောင့်မှန်း သိသော်လည်း တိုင်ကြားခြင်းတွေ၊ လက်စားချေခြင်းတွေ မပြုလုပ်တော့ပေ၊ မိဘပိုင်ပစ္စည်းများကို နှမြောပေမယ့်လည်း လောဘရမ္မက်များဖြင့် ပြည့်နှက်နေသော သူတို့အား ထပ်မရင်ဆိုင်ချင်တော့ပါ၊ ဆွေမျိုးပျက်တော့လည်း ကောင်းပါတယ်လေ၊ သူအသက်ရှူချောင်ချောင်နေရတာပေါ့၊
ကုန်းကောက်စရာ မကျန်တော့တဲ့ ဘဝကိုပါ နေ့ချင်းညချင်း ရောက်သွားခဲ့ရရုံလေးပါ၊ ကံကြမ္မာသည် သိပ်ကြောက်စရာကောင်းလှသည်၊ မနက်ဖြန်ဘာဖြစ်မယ်မှန်း မသိနိုင်၍ ဒီနေ့လို အသက်ရှင်နေချိန်အတွင်း ကောင်းသောအရာများသာ ပြုလုပ်ပြီး ပျော်ပျော်နေခြင်းဖြင့်သာ သူ၏ဘဝအား ဖြတ်သန်းတော့ပေမည်၊