တစ်ဖက်တွင် ၎င်းချယ်ရီပင်ကြီး၏ ခရမ်းရောင်အလင်းတန်းများကြားမှ ထွက်လာကြသော နတ်သားနှစ်ပါးဖြစ်တဲ့ Jung Kook နှင့် Ho Seok တို့သည်လည်း လူ့ပြည်သို့ ချောမွေ့စွာ ရောက်ရှိလာကြလေသည်၊Jung Kook ကတော့ သူအရမ်းလာချင်နေတဲ့ လူ့ပြည်ကို ရောက်လာသောကြောင့် သူ၏ရင်ထဲတွင် အပျော်စိတ်လေးများ ဖြတ်သန်းနေလေသည်၊ အရာရာစူးစမ်းတတ်သော Jung Kook တစ်ယောက် သူရှိရာ ပန်းခြံတစ်ဝှိုက်အား သူ၏ကြည်တောက်နေသော မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ကျီးကန်းတောင်းမှောက် လိုက်ကြည့်နေသည်၊
ထိုအချိန်တွင်
"ဟာ.... Cupid ကြီး !!!!"
"ဟေ...."
Jung Kook သူ၏ Ho Seokie နှင့် ထိုချယ်ရီပင်ကြီးဆီမှ ထွက်လာကာ ဘေးပတ်ဝန်းကျင်အား ဝေ့ဝှိုက်ကြည့်နေစဉ်အတွင်းမှာပဲ သူ၏ အမြင်အာရုံထဲ ဝတ်ရုံဖြူ ကြီး တကားကားနှင့် အချစ်မြှားတံတွေ ထည့်ထားသော အိတ်ကို လွယ်လျက် မြှားကိုင်းကြီးအား ကိုင်ကာ ဟိုကြည့်ဒီကြည့်ဖြင့် သွားနေသော Cupid ကြီးအား တွေ့လိုက်ရသောကြောင့်ဖြစ်သည်၊
"မင်းသား Jeon နဲ့ ကိုယ်ရံတော် Ho Seok တို့ပါလား၊ ဘယ်လိုဖြစ်လို့ ဒီလူ့ပြည်ကို ရောက်လာကြတာလဲဗျ"
"ကျွန်တော် ဒီလူ့ပြည်အကြောင်း သိချင်လို့ ရောက်လာတာပါ၊ Ho Seokie ကလည်း ကျွန်တော်နဲ့ အဖော်လိုက်လာပေးတာ"
"ဪ.... ဟုတ်ကဲ့"
"ဒါနဲ့ Cupid ကြီး၊ ဒီပန်းခြံကြီးထဲမှာ ဟိုကြည့်ဒီကြည့်နဲ့ ဘာတွေလိုက်ရှာနေတာလဲ"
Cupid ကြီးက သူ့အားမေးနေသော မင်းသား Jeon ၏အမေးအား မဖြေခင် အရင်ဆုံး သက်ပြင်းတစ်ချက်ချလိုက်လေသည်၊
"ဒီလိုပါ မင်းသား Jeon၊ ဒီနေ့မှာ စုံတွဲ ၄ တွဲကို ပေါင်းဖက်ပေးဖို့ ဖူးစာရေးရာရဲ့ အကြီးအကဲက ကျွန်တော်မျိုးကို တာဝန်ပေးလိုက်ပါတယ်"
Cupid ကြီးက ပြောလက်စ စကားအား ခဏရပ်ကာ နောက်ထပ်တစ်ဖန် သက်ပြင်းတစ်ချက်ချပြန်လေသည်၊
"အဲ့ဒါနဲ့ ကျွန်တော်မျိုးလည်း ဒီနေ့အတွက် ပေါင်းဖက်ပေးရမယ့် စုံတွဲ ၄ တွဲကို လိုက်ရှာပြီးတော့ ခါတိုင်းပြုလုပ်နေကျအတိုင်းပဲ လုပ်ဆောင်ရမှာပါ၊ ဒါပေမယ့်...."