106 14 2
                                    

Ho Seok တစ်ယောက် Yoon Gi အကူညီတောင်းထားသော ကိစ္စအား ပြုလုပ်ပြီး၍ တိုက်ခန်းအား ပြန်လာခဲ့လေရာ၊ အခန်းထဲ၌ Jung Kook အသံမကြားသဖြင့် Jung Kook အိပ်ခန်းထဲ သွားကြည့်လိုက်တော့ ကုတင်ပေါ်တွင် ဖြူ စင်စွာ အိပ်မောကြနေသော နတ်သားလေးတစ်ပါး၊

"Jung Kook _ Jung Kook"

"ဟင်.... အင် Ho Seokie ၊ ပြန်ရောက်ပြီလား"

Jung Kook တစ်ယောက် အိပ်ချင်မူးတူးနဲ့ Ho Seok အား မေးလေသည်၊

"အင်း ပြန်ရောက်ပြီ ၊ အိပ်နေတာလား"

"ဟုတ် ၊ အကို Yoon Gi ကိစ္စအဆင်ပြေလား"

"အင်း ၊ အဆင်ပြေပါတယ်"

Jung Kook တစ်ယောက် ခဏငြိမ်သက်ကာ Ho Seok အား တစ်ချက်ကြည့်၍

"Ho Seokie"

"ဟင် ပြောလေ Jung Kook"

"ဟိုလေ ညနေကျရင် မနေ့က ကျွန်တော်တို့လာခဲ့တဲ့ ချယ်ရီပင်တွေရှိတဲ့နေရာကို ထပ်သွားချင်တယ် ၊ အဲ့ဒါညနေကျရင် လိုက်ပို့ပေးပါလား"

"Jung Kook လေးက သွားချင်လို့လား"

"ဟုတ်"

"အင်း အဲ့ဒါဆို ညနေလောက်မှ သွားကြတာပေါ့"

"ဟုတ် ၊ ဒါဆိုရင် Ho Seokie လည်း ခဏနားလိုက်ဦးလေ"

"အင်း Jung Kook ၊ တစ်ခုခုဆို အကို့ကို လာခေါ်နော်"

"ဟုတ်"

Ho Seok တစ်ယောက် သူ၏အိပ်ခန်းထဲမှ ထွက်သွားလေရာ Jung Kook လည်း ဘာမှလုပ်စရာမရှိ၍ ဆက်အိပ်​နေလေည်၊ Jung Kook ၏ စိတ်ထဲတွင်တော့

"ဒီနေ့လည်း ထပ်ဆုံချင်ပါတယ် အဖြူကောင်လေး"

▫◽▫◽▫◽▫◽▫◽▫◽▫◽▫◽▫◽▫◽▫◽▫◽

ညနေခင်းအချိန်ဝယ် ~~~~

တစ်ခြားတစ်ဖက်တွင်လည်း Jimin တစ်ယောက် Sakura Garden သို့သွားရန် ပြင်ဆင်နေလေသည်၊ သူ၏တယောအိတ်ကို လွယ်လျက် လမ်းလျှောက်တံလေးအား ကိုင်ကာ အခန်းထဲမှ ထွက်လာခဲ့သည်၊ ထို့နောက် ​ခြေလှမ်း ၄၃ လှမ်း,လှမ်းကာ ဓာတ်လှေကားရှိရာသို့ လျှောက်လာခဲ့လေသည်၊ Tae Hyung က သေချာပြောပြထားတာမို့ သိပ်ပြီးတော့လည်း အခက်အခဲမရှိလှပေ၊ ထို့နောက် သူနေတဲ့ အဆောက်အုံကြီး၏ အရှေ့ရောက်သော် သူ၏ဖုန်းအား ထုတ်ကာ TAXI ဦးလေးကြီး၏ ဖုန်းနံပါတ်ကို ခေါ်လိုက်လေသည်၊

Your Eyes TellWhere stories live. Discover now