Unicode
၁၉၃၀ ဇွန်လ
တရုတ်နိုင်ငံ ချုံချင်းမြို့။
သိပ်မဖွံ့ဖြိုးသေးတဲ့ မြို့ငယ်လေးက လမ်းပန်းဆက်သွယ်ရေးအနေနဲ့ ကားလမ်းရယ်၊မီးရထားလမ်းပဲရှိတယ်။သစ်ပင်ခပ်ကြီးကြီးတွေက တောအုပ်လေးလို အစုလိုက် အစုလိုက်တည်ရှိနေကြတယ်။
ဒီမြို့က မြို့သားတွေက ကုန်သည်တွေအဖြစ် အသက်မွေးဝမ်းကြောင်းပြုကြတာများတယ်။ရုပ်သံလိုင်း ၄ခုပဲမိတယ်။သိပ်တော့လဲ ကိစ္စမရှိဘူး။
ကျွန်တော်တို့မှာ တီဗွီထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့ အရာရှိတာမလို့လေ။ဘုရားကျောင်းပဲ။ချူံချင်းမြို့လေးမှာ နာမည်ကြီးဘုရားကျောင်း ၅ကျောင်းရှိတယ်။ ကျွန်တော်တို့အမြဲ သွားနေကျဘုရားကျောင်းက 'တနင်္ဂနွေဝတ်အသင်းတော် ဘုရားကျောင်း´ လို့ခေါ်တယ်။
ဝမ်ရိပေါ် ဆိုတဲ့သူက ဒီမြို့ငယ်လေးကိုပြောင်းလာတာ နှစ်နှစ်ပဲရှိဦးမယ်။လွှတ်တော်အမတ် ဝမ်ယုံရဲ့သားဆိုပေမယ့် ပေကျင်းကနေ ကန်ထုတ်ခံလိုက်ရတာမို့ ချူံချင်းကိုမေမေနဲ့အတူ ပြောင်းလာတာ။
ပေကျင်းမှာလောက် ပျော်စရာတွေသိပ်မရှိပေမယ့် ရိပေါ်သဘောအကျဆုံးကတော့ ဘုရားကျောင်းပဲ။
ပိတ်ရက်တိုင်းဘုရားကျောင်းသွားပြီး ဝတ်ပြုဆုတောင်းလေ့ရှိတယ်။ရိပေါ်က ဒီနှစ်မှာ အထက်တန်းစတက်ရတာ။
ချူံချင်းရဲ့ တစ်ခုတည်းသော အထက်တန်းကျောင်းက ရိပေါ်တို့အိမ်နဲ့တော့ အတော်လေးကိုလှမ်းတယ်။
အမတ်မင်းရဲ့ သားဆိုတော့လဲ ခပ်ကြီးကြီးကျယ်ကျယ်အိမ်တစ်လုံးနဲ့ ကားတစ်စီးတော့ ပိုင်တာပေါ့လေ။အထက်တန်းစတက်တက်ချင်းနေ့မှာပဲ ရိပေါ်စိတ်မပျော်စရာကိစ္စလေးကပေါ်လာတယ်။
သူအပေါ် အမြဲအမြင်မကြည်တဲ့ ဆရာကအတန်းပိုင်ဆရာဖြစ်နေမှတော့ ဘယ်ပျော်တော့မလဲ။
အမြင်မကြည်ဘူးဆိုတာကလဲ ဒီလိုပါ..အမြဲလိုက်နောက်ပြောင်နေမှတော့ ဘယ်ဆရာကလဲအမြင်ကြည့်တော့မလဲလေ။ရှောင်းချန်လို့အမည်ရတဲ့ အဲ့ဆရာက ရိပေါ်သွားနေကြ ဘုရားကျောင်းကို သူ့သားနဲ့အတူလာလေ့ရှိတယ်။သူ့သားဆိုတာလဲ ရိပေါ်တို့အခန်းထဲကပါပဲ။
ကျန်းမာရေးမကောင်းလို့နှစ်အောက်ထားရပြီး ခုမှအထက်တန်းစတက်တာ။
