°12°

2.7K 437 15
                                        

ရှောင်းကျန့်က ငယ်ငယ်ကတည်းက မကျန်းမာခဲ့တဲ့ကလေး။ နောက်ပြီး လူကီးမီးယားလို့ခေါ်တဲ့ သွေးကင်ဆာကို လွန်ခဲ့တဲ့ နွေရာသီကတည်းက ခံစားနေခဲ့ရတာတဲ့လေ။
ကြားပြီးပြီးချင်း ရိပေါ်မှာ မူးမေ့လဲသွားတော့မလိုပဲ။

ဖြူဖျော့ဖျော့ပိန်ပိန်ပါးပါး သူ့ပုံစံလေးကို မျက်လုံးထဲမြင်လာတယ်။ ဒါကြောင့် သူအမြဲပင်ပန်းနွမ်းနယ်နေတတ်တာကိုး၊ ဒါကြောင့် ခရစ္စမတ်ကို ဘုရားကျောင်းမှာ ထူးထူးခြားခြားလုပ်တာကိုး၊ဒါကြောင့် ကောလိပ်ဆက်မတက်တာကိုး၊ ဒါကြောင့် သူ့ကျမ်းစာအုပ်ကို လက်ဆောင်ပေးတာကိုး၊။

ရိပေါ် နာနာကျင်ကျင်ပဲ ပြုံးမိလိုက်တယ်။
ရှောင်းကျန့်က သွေးကင်ဆာရောဂါသည်လေးတဲ့။
ဒီလောက် မြတ်နိုးချင်စရာကောင်းတဲ့ ကျွန်တော့်ကောင်လေးက ....

"မဟုတ်ဖူးမလား၊ဒါ လုံးဝမဖြစ်နိုင်ဖူးလေ။ "

ရိပေါ်ကအကြောက်အကန်ငြင်းတဲ့အခါ ရှောင်းကျန့်ကစိတ်အေးအေးနဲ့ပဲ မမှားကြောင်းပြန်ရှင်းပြတယ်။
ဒီခါတော့ ရိပေါ်ကမ္ဘာကြီးက ကျကွဲသွားတဲ့ ဖန်ခွက်လိုအစိပ်စိပ်အမွှာမွှာ ဖြစ်သွားတယ်။ သူ့မှာ ဘာမှမရှိတော့ဘူး။ ခေါင်းတွေချာချာလည်လာပြီး ရှောင်းကျန့်ကိုယ်လေးကိုပဲ တင်းကျပ်စွာ သိုင်းဖက်ထားလိုက်တော့တယ်။

"ငါ တောင်းပန်ပါတယ် ရိပေါ် "

ရှောင်းကျန့်က တောင်းပန်စကားကိုတွင်တွင်ဆိုနေရှာတယ်။ ရိပေါ်ခေါင်းထဲမှာ ဘာမှမတွေးနိုင်တော့ဘူး။ နှလုံးသားရဲ့အနက်ရှိုင်းဆုံးကနေ ခံစားနေရတာ
သူ ရှောင်းကျန့်ကိုခွဲနိုင်မယ်မထင်ဘူး။ မျက်ရည်တွေက တသွင်သွင်စီးကျနေပေမယ့် ကြိုးစားပြီးတင်းခံထားရတယ်။

ပျော်ရွှင်စရာအမှတ်တရတွေ ပြည့်နှက်နေခဲ့တဲ့ ကျောက်ခဲပုံပေါ်မှာ ကောင်လေးနှစ်ယောက်ဖက်ငိုနေကြတယ်။ ရိပေါ်က ရှောင်းကျန့်ကိုတွဲပြီး အိမ်ထဲလိုက်ပို့ပေးတယ်။ အိမ်တံခါးလာဖွင့်တဲ့ အဖိုးကြီးရှောင်းက သူတို့မျက်နှာတွေကို ကြည့်ရုံနဲ့ ဘာဖြစ်လာမှန်း ခန့်မှန်းမိလောက်မယ်။

Way Back Home Where stories live. Discover now