Unicode
လေတဖြူးဖြူးတိုက်နေတဲ့ ရထားပြတင်းပေါက်ဘေးကနေ စိမ်းစိုစိုသစ်ပင်သစ်ရိပ်တွေကပြေးလွှားနေတယ်။
မေမေ့မျက်နှာကရွှင်လန်းနေတာပဲ။မတွေ့တာကြာတဲ့ဖေဖေနဲ့တွေ့ရတော့မှာမို့နေမယ်။ဖေဖေက သူ့အမျိူးသမီးလေးကိုသိပ်ချစ်တာတော့အမှန်ပဲ၊ပေကျင်းကို ရိပေါ်လာရင် ကားလွှတ်ပြီးကြိုခိုင်းနေကျ။ခုမေမေပါလိုက်လာတော့ ဖေဖေကိုယ်တိုင်ဘူတာရုံကိုလာကြိုသည်။
ရထားပေါ်ကဆင်းသွားတဲ့ မေမေ့ကိုမြင်တာနဲ့ ဖေဖေကအပြေးလေးလာကာ ပွေ့ဖက်နမ်းရှုံ့တော့တယ်။
သြော် အချစ် အချစ်...
ရိပေါ်လဲ ဒီလိုပါပဲ။ပေကျင်းကအိမ်ကိုပြန်ရောက်မှ အသက်ရှူဝသွားသလိုခံစားရတယ်။ပေကျင်းက ရိပေါ်ရဲ့မွေးရပ်မြေ၊
ကလေးဘဝရဲ့အမှတ်တရတွေရှိတဲ့မြေ၊စိတ်ကြိုက်ဆိုးချင်သလိုဆိုးခဲ့ မိုက်ခဲ့တဲ့ မြေပေါ့။
မွေ့ယာပေါ်လူးလိမ့်လိုက်တယ်။ရှောင်းကျန့်က ပေကျင်းမရောက်ဖူးဘူး ပြောတယ်။
"သားငယ် ဒေါ်ကြီးချိန့်ကမုန့်လာပေးတယ်၊အောက်ဆင်းခဲ့လေ။ "
"လာပြီ မေမေ။ "
ဒေါ်ကြီးချိန့်ဆိုတာ ရိပေါ်တို့ဘေးအိမ်က၊ ဒေါ်ကြီးလုပ်ပေးတဲ့မုန့်တွေစားရင်း ရိပေါ်ကြီးလာခဲ့တာ။
ဒေါ်ကြီးတို့နဲ့ နှုတ်ဆက်စကားပြော၊မုန့်စားပြီးတာနဲ့ ရိပေါ် အိမ်ပြင်ထွက်ခဲ့တယ်။ ပေကျင်းမှာကျ ကားတွေ ပိုများတာမို့ ချူံချင်းလေထုလောက် မသန့်ရှင်း။
စျေးတန်းဘက်မှာတော့ လူတွေကစည်ကားနေတယ်။
ကားတွေရော၊လန်ချားတွေရော သွားလာလှုပ်ရှားနေကြတယ်။လမ်းဘေးမှာရောင်းနေတဲ့ ဆိုင်လေးတွေက ကျပ်သိပ်လို့ ၊ အသံတွေကလဲ ဆူညံနေတော့တယ်။စျေးထဲလျှောက်သွားနေရင်း ဆိုင်တစ်ခုကို ရိပေါ်အာရုံရောက်တယ်။ ကျောက်စိမ်းပြားလေးတွေ ရောင်းတာ။
"လာကြည့်ပါ၊သခင်လေး ကျောက်စိမ်းပြားတွေက လက်ဆောင်ပေးဖို့အသင့်တော်ဆုံးနော်"
စျေးရောင်းတတ်တဲ့ဆိုင်ရှင်ကြောင့် ရိပေါ်ပြုံးလိုက်တယ်။စီတန်းချထားတဲ့ ကျောက်စိမ်းပြားတွေက ကြိုးရောင်စုံနဲ့ ။
