°13°

6.8K 647 76
                                        

"လက်ထပ်ကြမယ်နော်။ "

ရိပေါ်ပြောလိုက်တဲ့အခါ ရှောင်းကျန့်မျက်ဝန်းတွေ အံသြမှုနဲ့ပြူးကျယ်လာတယ်။

"အစ်ကို ကျွန်တော့်ကိုချစ်လားဟင် "

ရှောင်းကျန့်ကမျက်ရည်ဝဲဝဲနဲ့ ခေါင်းငြိမ့်တယ်။

"ဒါဆို ကျွန်တော်တို့ လက်ထပ်ကြရအောင်။ "

ရိပေါ်က ဘောင်းဘီအိတ်ကပ်ထဲက ဘူးလေးတစ်ဘူးကိုထုတ်တယ်။

"ဘာလေးလဲ "

ရိပေါ်ကပြုံးပြပြီး ဘူးလေးကိုဆွဲဖွင့်လိုက်တော့ ငွေရောင်မောင်းကွင်းနှစ်ကွင်း ရှိနေတယ်။

တစ်ကွင်းကို ဆွဲထုတ်ပြီး အရိုးပေါ်အရေတင်နေပြီဖြစ်တဲ့ ရှောင်းကျန့်ရဲ့လက်ချောင်းလေးတွေကိုဆွဲယူတယ်။
လက်သူကြွယ်လေးပေါ် စွပ်ပေးလိုက်တဲ့အခါ ရှောင်းကျန့်က သူ့လက်သူ ဆုပ်လိုက်ဖြန့်လိုက်လုပ်တယ်။

"လက်ထပ်မယ်မလားဟင်"

ရှောင်းကျန့်က ညင်ညင်သာသာလေးပဲ ခေါင်းငြိမ့်ပါတယ်။

"ကျွန်တော် အိမ်မှာပဲသေချင်တယ် အဖေ။ "

ဆေးရုံတံခါးဝကနေကြားလိုက်ရတဲ့ အသံကြောင့် ရိပေါ် နှလုံးသားတွေနွမ်းလျသွားတယ်။
တာဝန်ခံဆရာဝန်ကို အကျိူးအကြောင်းမေးတဲ့အခါ ရှောင်းကျန့်မှာ အလွန်ဆုံးလေးလပဲ ကျန်တော့ကြောင်း အားနာစွာနဲ့ ပြန်ဖြေတယ်။

ရိပေါ် ဘာလုပ်ရမလဲမသိတော့ဘူး။ ချစ်ရသူအဆင်ပြေစေဖို့ ဘာလုပ်ပေးရမလဲ မတွေးတတ်တော့ဘူး။

အဲ့နေ့မှာတော့ ရိပေါ်က ရှောင်းကျန့်ဆီမဝင်တော့ပဲ အိမ်ပဲတန်းပြန်ခဲ့တယ်။
အခန်းလေးထဲမှာ ငြိမ်ငြိမ်ကုပ်ကုပ်လေးထိုင်နေမိပေမယ့် နှလုံးသားကတော့နာကျင်စွာငိုကြွေးနေပါတယ်။

ကျမ်းစာအုပ်လေးနဲ့ဒိုင်ယာရီစာအုပ်လေးက အထပ်လိုက်လေးရှိနေတယ်။
ခရစ္စမတ်လက်ဆောင်အနေနဲ့ရခဲ့တဲ့ ကျမ်းစာအုပ်လေးကိုကြည့်ရင်း....
ခရစ္စမတ်နေ့.....

ခရစ္စမတ်နေ့ကအကြောင်းအရာတော်တော်များများ ခေါင်းထဲပြန်ပေါ်လာတယ်။

Way Back Home Where stories live. Discover now