စာအုပ်လေးထဲ နေ့စွဲတွေနဲ့အတူစာတိုလေးတွေ တစ်ခုပြီးတစ်ခု တိုးလာခဲ့တယ်။ရင်ဘတ်ထဲက နှလုံးခုန်သံတွေရောပဲ။
တွေ့ပါများလာတာနဲ့အမျှ ရိပေါ်ကကိုယ့်နှလုံးသားကိုယ်နားလည်လာတယ်။
သူ ရှောင်းကျန့်အပါ်မရိုးသားတော့ဘူး။
တစ်မြို့လုံးကဘာလို့များ အူကြောင်ကြောင်ရှောင်းကျန့်ကိုချစ်ကြလဲဆိုတာ သူဘယ်တုန်းကမှ အဖြေရှာလို့မရခဲ့ဘူး။
ခုတော့ဖြင့် သူကိုယ်တိုင်ပါ ဒီအူကြောင်ကြောင်လေးကို ချစ်မိသွားပြီ။ရှောင်းကျန့်ဘက်ကဘယ်လိုတွေးနေလဲမသိပေမယ့် ရိပေါ်ကတော့ ညနေတိုင်းတွေ့ရတာကို ချိန်းတွေ့တယ်လို့ပဲ သတ်မှတ်ထားတယ်။
ညနေရောက်ဖို့ စောင့်မျှော်ရတာ ရိပေါ်ရဲ့ပျော်ရွှင်ခြင်းတွေထဲက တစ်ခုပဲ။
ပုံမှန်တိုင်းပဲ စက်ဘီးလေးနင်းလို့ ကျောက်ခဲပုံနားဆီရောက်လာခဲ့တယ်။အချမ်းပိုလာပြီမို့ မာဖလာတစ်ခုလဲ စက်ဘီခြင်းထဲဆောင်ထားတယ်။
ဒီနေ့မှာလဲ ရှောင်းကျန့်ကရိပေါ်ထက် စောရောက်နေပါတယ်။ကျမ်းစာအုပ်ကိုဖတ်ရင်း စောင့်နေတယ်။စက်ဘီးဒေါက်ထောက်ချိန်မှာတော့ ရှောင်းကျန့်က စာအုပ်ကိုပိတ်လို့ ဘေးကိုချတယ်။
မာဖာလာလေးယူလို့ ထိုင်နေတဲ့ရှောင်းကျန့်ကိုခြုံပေးလိုက်သည်။"အေးနေပြီ "
"လာလေ မင်းလဲအတူခြုံ"
ရှောင်းကျန့်ကမာဖလာတစ်ဖက်ကိုရိပေါ်ကိုယ်ပေါ် လွှမ်းပေးလိုက်သည်။
ရိပေါ်ရဲ့ရင်ခုန်သံတွေကတစ်ကိုယ်လုံး မြည်ဟိန်းနေလို့....
နားရွက်ဖျားလေးတွေတောင် နီနေလောက်ပြီ။"ခင်..ခင်ဗျား ဘာလို့ အဲ့စာအုပ်ကြိီး တကိုင်ကိုင်လုပ်နေရတာလဲ"
"အင်း အဲ့တာ အမေ့စာအုပ်လေ။ "
"သြော် "
သူများအလှမွေးထားတဲ့ လိပ်ကလေးကိုတက်နင်းမိလိုက်သလိုပဲ၊ အကျိူးကျိူးအကြေကြေ။
"ကိစ္စမရှိပါဘူး ၊ဒါ မင်းသိနိုင်စရာအကြောင်းမရှိဘူးလေ။ "
"ကျွန်တော် မေးမိတာ အားနာပါတယ်။ "
"ရပါတယ်ဆို၊စိတ်ထဲမထားနဲ့ "