°2°

3.5K 476 7
                                        

Unicode

ကျောင်းစဖွင့်တဲ့ရက်မှာတော့ စည်းရုံးရေးစဆင်းဖို့ဖန်းရှင်းကိုအကူအညီတောင်းရပြီ။

"စိတ်ချ သားကြီး၊အားကစားအသင်းကမဲတွေ မင်းအတွက်ဖြစ်စေရမယ်။ "

"သေချာရဲ့လား "

"စိတ်မပူနဲ့ ကောင်စီဥက္ကဌကမင်းပဲ ဟုတ်ပြီလား။ "

ဖန်းရှင်းက ယုံကြည်ချက်အပြည့်နဲ့။

စည်းရုံးရေးဆင်းဖို့အတွက် စကားရည်လုပွဲဝင်ရတယ်။ဥက္ကဌဖြစ်လာရင် ဘာတွေဆောင်ရွက်ပေးပါမယ် စသဖြင့်ပေါ့။ဖန်းရှင်းကြောင့်ပဲ သူ့ကိစ္စတွေချောမွေ့သွားတာပါ။သူတို့အတန်းကျောင်းမှာ ကျောင်းသား ၅၀၀ရှိတယ်။အားကစားအသင်းဘက်ကမဲတွေကိုပဲအားကိုးရတာ။ဖန်းရှင်းအကူအညီကြောင့်ပဲ
မဲတွေ သူရလိုက်ပြီး ကောင်စီဥက္ကဌဝမ်ရိပေါ် ဖြစ်လာခဲ့တယ်။

"ရိပေါ် ဒါလေး"

နောက်ခုံကနေ ရှောင်းကျန့်ကစာရွက်လေးကမ်းပေးတယ်။ဘာသာရပ်တစ်ခုခုကိုထပ်ရွေးဖို့ စာရွက်လေး။
ဓာတုဗေဒနဲ့ အိမ်တွင်းမှု တဲ့။ ဖော်မြူလာတွေကျက်ရ၊ထုတ်ဖော်မှုပုံတွေဆွဲရတာထက်စာရင် စာမေးပွဲလဲဖြေစရာမလိုတဲ့ အိမ်တွင်းမှုဘာသာကပိုမကောင်းဘူးလား။

"ခင်ဗျား ဘာရွေးထားလဲ "

"ငါ? ငါက အိမ်တွင်းမှုဘာသာရပ်"

"အော် "

ရိပေါ်လဲထပ်တွေးမနေတော့ပဲ အိမ်တွင်းမှုဘာသာဆိုတဲ့ အကွက်လေးမှာအမှန်ခြစ်ခြစ်လိုက်တော့တယ်။

အိမ်တွင်းမှုဘာသာဆိုတဲ့ခေါင်းစဉ်အောက်မှာ ခေါင်းစဉ်သေးတွေထပ်ခွဲမှန်း ရိပေါ်မသိခဲ့တာအမှန်။
ခုတော့ လက်မှုပညာနဲ့မုန့်ဖုတ်အချိန် ဘယ်ဟာကိုထပ်ရွေးရမလဲတွေဝေနေရပြန်ပြီ။
စားခဲ့ဖူးတဲ့ပေါင်မုန့်အကြောင်းခေါင်းထဲဝင်လာတာမို့ မုန့်ဖုတ်အချိန်ပဲတက်ဖို့ ရွေးချယ်လိုက်တော့တယ်။

မုန့်ဖုတ်အချိန်တက်ဖို့ အခန်းထဲဝင်လိုက်တဲ့အချိန်မှာတော့ ရိပေါ်မျက်လုံးပြူးသွားတော့တယ်။
မိန်းကလေးကအယောက်၂၀လောက်ရှိမယ်။ယောကျာ်းလေးဆိုလို့ စီနီယာအစ်ကိုတစ်ယောက်ရယ်၊သူရယ် ၊ရှောင်းကျန့်ပဲရှိတယ်။

Way Back Home Tempat cerita menjadi hidup. Temukan sekarang