ချစ်ခြင်းမေတ္တာကဆန်းကြယ်ပါတယ်။
လူဆိုးကလေးရိပေါ်က တစ်စုံတစ်ယောက်ကြောင့်ပဲ လိမ္မာတဲ့ကျောင်းသားကလေးအဖြစ်ပြောင်းလဲသွားတယ်။အရင်လို အရက်သောက်တာ၊ကားကိုအကြမ်းပတမ်းမောင်းတာတွေ မလုပ်တော့ဘူး။ဖန်းရှင်းကတော့ တအံ့တသြဖြစ်နေတဲ့အထိပဲ။
ရိပေါ်တို့တွဲနေတာကို ဖန်းရှင်းသိတုန်းက အတော်လန့်သွားသေးတယ်။
ဘာလို့ဆို အရင်ကရိပေါ်ကရှောင်းကျန့်ကိုကြည့်မရဘူးလေ။ဆရာကြီးလုပ်တယ်၊နေရာတကာဝင်ပါတယ်၊အပိုတွေလုပ်တယ် စသဖြင့်ပြောဆိုနေကြ။
အဲ့လိုလူက ရှောင်းကျန့်ကိုချစ်လှပါချည်ရဲ့ဆိုတော့
ဖန်းရှင်းမှာ ဆွွံ့အသွားရတယ်။ဒီနေ့ကျောင်းဆင်းအပြန်မှာတော့ဖန်းရှင်းကရိပေါ်ကိုဆွဲထားတာမို့ ဘတ်စကတ်ဘောပြီးတဲ့အချိန်ထိထိုင်စောင့်နေလိုက်ရတယ်။
ရိပေါ်မျက်နှာဟာစူပုတ်ပုတ်။ရှောင်းကျန့်ကိုတစ်ယောက်တည်းပြန်လွှတ်လိုက်ရတာမို့။
"မျက်နှာခွက်ကိုပြင်ထား ဟေ့ရောင်၊ လဒမှိုင်မှိုင်မနေနဲ့"
ချွေးသုတ်ရင်းအနားလျှောက်လာတဲ့ဖန်းရှင်းကို ရိပေါ်ဘုဆတ်ဆတ်ကြည့်လိုက်တယ်။
လက်ကိုင်အိတ်ကိုရင်ဘတ်ထဲပိုက်လို့ ဆောင့်ကြောင့်ထိုင်နေတဲ့ရိပေါ်ပုံက လူရယ်ချင်စရာ။"မင်း ဝဋ်ပြန်လည်မှသိမယ်။ "
"စောက်ပိုတစ်သိန်းတစ်သောင်းတွေမလုပ်စမ်းနဲ့ ဝမ်ရိပေါ်။မင်းနဲ့မတွဲခင်ကလဲ သူ့ဘာသူအိမ်ပြန်နေကြ။
တစ်ရက်တစ်လေလိုက်မပို့ရလို့ ဘာမှဖြစ်မသွားဘူး။ "အသည်းနှလုံးမရှိ၊မစာနာတတ်တဲ့ကောင်ကိုပဲ မျက်စောင်းတွေလှိမ့်ထိုးရင်း ရိပေါ်ထရပ်လိုက်တယ်။
ဆက်နေလဲ ဒီကောင်စကားနာ ထိုးတာပဲခံနေရမှာ။"သွားသောက်ရအောင်၊ ဒီတစ်ခေါက် ပွဲထွက်စာရင်းမှာ ငါအပယ်ခံရတယ်။ "
ငြင်းမလို့ကြံလိုက်ပေမယ့် ဖန်းရှင်းရဲ့နောက်ဆက်တွဲစကားသံကြောင့် ရိပေါ်မငြင်းနိုင်တော့။
ဖန်းရှင်းက အားကစားအမှတ်နဲ့ကောလိပ်ဝင်ဖို့ပြင်ဆင်နေတာဖြစ်သည်။ပွဲထွက်စာရင်းမှာမပါနိုင်တာက သူ့အတွက်ဆုံးရှုံးနစ်နာမှုများလွန်းသည်။
