Unicode
ရိပေါ်ရဲ့ ကျောင်းတက်ရက်တွေက ပုံမှန်ပြန်ဖြစ်ခဲ့တယ်။ အားကစားအသင်းဝင်ဖန်းရှင်းက ဘတ်စကတ်ဘောပြိုင်ပွဲအတွက် လေ့ကျင့်ရေးတွေ ဆက်တိုက်ဆင်းနေရတယ်။
နှစ်ဝက်စာမေးပွဲ နီးနေပြီမို့ ကောင်စီအလုပ်တွေလဲသိပ်မရှိတော့။စာမေးပွဲအတွက်သာအာရုံစိုက်ထားမိပေမယ့် နောက်ခုံက ရှောင်းကျန့်ကြောင့် အသက်ရှူတွေ မမှန်။ရှောင်းကျန့်နဲ့ပတ်သတ်လို့မူမမှန်တဲ့ စိတ်ကို သတိထားမိတာကြာပြီ။
ရှောင်းကျန့်နဲ့လဲ ခပ်ခွါခွါနေမိတယ်။အနေနီးရင် စိတ်ကစားတတ်တာမို့၊ ဖက်လှဲတကင်းနေတဲ့ဖန်းရှင်းကိုကျဘာမှမခံစားရပဲ ရှောင်းကျန့်နဲ့ကျမှထူးဆန်းနေတာ။
"ရိပေါ် "
"ဘာလဲ !!!! "
ခေါ်သံနဲ့အတူ ပုခုံးပေါ်ကိုလက်တင်လာတာမို့ ရိပေါ်အလန့်တကြားအော်ဟစ်မိလိုက်သည်။ရှောင်းကျန့်ကတော့ အံ့သြသွားတဲ့ပုံနဲ့
"ရုတ်တရက်ဆိုတော့ လန့်သွားလို့၊"
"ကျောင်းဝတ်စုံသေချာဝတ်ဖို့ ပြောမလို့၊ဆရာဝင်တော့မယ်။ "
ထိုအခါမှ ချွတ်ထားတဲ့ အပေါ်ကုတ်ကိုပြန်ဝတ်လိုက်တယ်။နောက်ဘက်ကိုတော့ ထပ်မကြည့်ဖြစ်တော့ဘူး။ သူအော်လိုက်လို့ လန့်သွားတဲ့ပုံက မျက်လုံးထဲကမထွက်။
ထိုနေ့မှစလို့ ရှောင်းကျန့်ဘက်ကလဲ ရိပေါ်ကိုရှောင်နေခဲ့မှန်း သတိထားမိတယ်။ရိပေါ်ထက် ကျောင်းစောဆင်းတယ်။ စကားလှမ်းမပြောဘူး။ ကော်ရစ်တာမှာ ဆုံရင်တောင် မပြုံးပြတော့ဘူး။ အချိန်ပြည့်သူ့ကျမ်းစာအုပ်နဲ့ပဲ။
နှစ်ဝက်စာမေးပွဲပြီးတဲ့အခါ ကျောင်းတစ်လပိတ်တယ်။နောက်ဆုံးဘာသာပြီးရင် နှုတ်ဆက်စကားပြောဖို့ ရည်ရွယ်ထားပေမယ့် ၂နာရီထဲဖြေပြီးထွက်သွားတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်စိတ်ကူးတွေပျက်စီးသွားရတယ်။
ကျောင်းပိတ်ရက် ၃ရက်မြောက်နေ့မှာတော့ ဖန်းရှင်းနဲ့အတူ အရက်သွားသောက်ဖြစ်ကြတယ်။အသားကုန်သောက်ပြီး မူးပစ်လိုက်ချင်တာ။မူးပြီးအသိစိတ်ပျောက်သွားရင်တော့ ရှောင်းကျန့်အကြောင်းမတွေးမိနိုင်လောက်တာမို့။

KAMU SEDANG MEMBACA
Way Back Home
Fiksi PenggemarCan't wait to tell this story to my grandchildren.