°6°

2.8K 450 13
                                        

Unicode

၃နာရီစွန်း ၄နာရီလောက်မှာတော့ ရိပေါ်ကရေမိုးချိူးပြင်ဆင်ပြီးပြီ။ဦးထုပ်လေးဆောင်းလိုက်ပြီး ဂိုဒေါင်ထဲက စက်ဘီးကိုဆွဲထုတ်လိုက်သည်။

"မေမေ သား စက်ဘီးပတ်စီးဦးမယ်။ "

ကားနဲ့သွားရင်တောင် မိနစ်၂၀လောက်မောင်းရတဲ့ ရှောင်းကျန့်အိမ်ကို စက်ဘီးနဲ့ထွက်လာတဲ့ ရိပေါ်ကတော့ မမောနိုင်ဘူး။
သူတို့ချိန်းထားတဲ့နေရာက ရှောင်းကျန့်အိမ်နဲ့နှစ်လမ်းကျော်လောက်က ကျောက်ခဲပုံနားမှာ။

ဖြေးဖြေးချင်းနင်းလာလိုက်ပြီး လေပြေတွေရဲ့အတိုးအဝှေ့ကိုလဲ ခံစားလိုက်သေးတယ်။
ပတ်ဝန်းကျင်တစ်ခုလုံးက လှပနေတာပဲ။

စက်ဘီးကို ခပ်လှမ်းလှမ်းမှာရပ်ထားလိုက်ပြီး မနေ့ကထိုင်ခဲ့တဲ့နေရာမှာပဲ ထိုင်စောင့်နေလိုက်တယ်။
ရှောင်းကျန့်ကတော့ မရောက်သေးဘူး။

သစ်ကိုင်းခြောက်တစ်ခုကိုလှမ်းဆွဲလိုက်ပြီး သဲခင်းထားတဲ့အပေါ် ရေးခြစ်နေလိုက်သည်။
ဆွဲမိဆွဲရာ ဆွဲနေတုန်းမှာပဲ လျှောက်လာနေတဲ့ရှောင်းကျန့်ကို တွေ့လိုက်ရတယ်။
မြေပြင်ပေါ်ပြန်ကြည့်မိတော့ အသဲပုံတွေဆွဲထားမိတာမို့ ရှောင်းကျန့်မမြင်ခင် အမြန်ဖျက်ရသေးတယ်။

"စားပြီးပြီလား "

"ညစာတော့မစားရသေးဘူးလေ၊ရော့ မင်းအတွက်ပေါင်မုန့်လုပ်လာတာ။"

"ကောင်းကောင်းစားပါ့မယ် ။ "

ပေါင်မုန့်ထုပ်လေးကို ရင်ခွင်ထဲပိုက်ထွေးလိုက်သည်။

"အဲ့တာ မင်းစက်ဘီးလား"

"ဟုတ်တယ်လေ ခင်ဗျား ယူစီးချင်စီးလေ"

"ငါကစက်ဘီးမစီးတတ်ဘူး၊ငယ်ငယ်ကခဏခဏနေမကောင်းတာနဲ့ စက်ဘီးစီးမသင်ခဲ့ရလို့"

"ကျွန်တော်သင်ပေးမယ် လာ "

"ရတယ် နေပါစေ၊ ထိုင်ပါ။ "

ထရပ်လိုက်တဲ့ သူ့ကို လက်ကောက်ဝတ်ကနေလှမ်းဆွဲပြီး ပြန်ထိုင်စေတယ်။ရှောင်းကျန့်ကိုင်သွားတဲ့နေရာကို ကျန်လက်တစ်ဖက်နဲ့အုပ်ကိုင်ထားလိုက်သည်။

Way Back Home Donde viven las historias. Descúbrelo ahora