တွဲဖြစ်ကြတယ်ဆိုလို့ ကြီးကြီးမားမားပြောင်းလဲသွားတာတော့မရှိဘူး။တရားဝင်လက်ကိုင်ခွင့်ရတယ်၊နမ်းခွင့်ရတယ်၊ဖက်ခွင့်ရတယ် ဒါလောက်ပဲ။
ညနေတိုင်းကျောက်ခဲပုံမှာတွေ့ကြရင်း၊စက်ဘီးတွေပတ်စီးကြရင်း။
ခါးပေါ်ကလက်တွေက တင်းကျပ်လို့။🦋
ကျောင်းတွေပြန်ဖွင့်တဲ့အခါ အရင်လိုကျောက်ခဲပုံမှာမတွေ့နိုင်တော့ဘူး။ကျောင်းမှာပဲ စကားပြော၊စာသင်၊အိမ်တွင်းမှုအချိန်ဆို တူတူမုန့်ဖုတ် ကြတယ်။
ဖြစ်ကတတ်ဆန်းချွတ်ထားတတ်တဲ့ ရိပေါ်ရဲ့ကျောင်းဝတ်စုံအပေါ်အင်္ကျီကိုလဲ ရှောင်းကျန့်ကဂရုတစိုက်ခေါက်ထားပေးနေကျ။ရှောင်းကျန့်ကသိပ်ချစ်စရာကောင်းတယ်။ရိပေါ် မရယ်ရတဲ့ဟာသတွေပြောတိုင်း သွားလေးတွေစီတန်းလာတဲ့အထိ ရယ်ပေးတယ်။
ကျောင်းမှာဆို ရှောင်းကျန့်အဖေလဲရှိတာမို့ နှစ်ယောက်လုံး ဖာသိဖာသာပဲနေတာများပါတယ်။ဒါပေမယ့် သူတို့တွေရင်းနှီးလာကြတာကိုတော့ အတန်းသားတွေ အကုန်သတိထားမိကြတယ်။
ဘာလို့ဆို ရိပေါ်ခေါင်းကအမြဲနောက်ဘက်ကိုပဲ လှည့်နေတတ်တာကိုး။ရှောင်းကျန့်ရဲ့ ကျောင်းဆင်းချိန်တွေ နောက်ကျလာတယ်။ရိပေါ်က ကားပေါ်ခေါ်တင်ပြီး လျှောက်မောင်းနေလို့၊ တစ်ခါတစ်လေကျလဲ တစ်နေရာမှာကားထိုးရပ်လို့ ရှောင်းကျန့်လက်ဖဝါးတွေဆုပ်ကိုင်ရင်း အချိန်ဖြုန်းကြပြန်တယ်။
တွဲတာကြာလာတာနဲ့အမျှ ရိပေါ်ခံစားလာရတာက ရှောင်းကျန့်မရှိရင် မဖြစ်တော့ဘူး ဆိုတာပါပဲ။
ပိတ်ရက်တိုင်း ဘုရားကျောင်းမှာဆုံကြတယ်။ရှောင်းကျန့်အဖေက အထဲမှာဝတ်ပြုနေရင် ရိပေါ်ကရှောင်းကျန့်လက်ကိုဆွဲလို့ ဘုရားကျောင်းအပြင်ဘက်ကိုခေါ်လာတတ်တယ်။ပြီးရင် လူချင်းထပ်မတတ်ပူးကပ်ထိုင်ပြီး မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်တော့တာပဲ။
အမြင်ကတ်နေကျ ရှပ်အင်္ကျီဖားဖားတွေလဲ ချစ်စရာကောင်းလာတယ်။ဒီနေ့တော့ ဘုရားကျောင်းကိုရှောင်းကျန့်အဖေ ပါမလာခဲ့ဘူး။ ပေကျင်းမှာ ဆရာများအစည်းအဝေးရှိတာမို့ ပိတ်ရက်နှစ်ရက်လုံးသွားနေရမယ်။ဒါကြောင့် ရိပေါ်က ဘုရားကျောင်းအပြန် ရှောင်းကျန့်အိမ်လိုက်လည်ဖို့ ဒုန်းစိုင်းနေပါတယ်။
