°4°

2.7K 433 9
                                        

Unicode

စုံညီမတိုင်ခင်နေ့ထိ ကျောင်းဆင်းတိုင်း ရှောင်းကျန့်အိမ်ဆီသွားကာ ပေါင်မုန့်ဖုတ်လုပ်နည်းကျင့်နေခဲ့သည်။ရှောင်းကျန့်ပေါက်ပေါက်ဖောက်သမျှလဲ နားထောင်ရင်း၊ စကားများတာ မကြိုက်ပေမယ့် ရှောင်းကျန့်အကူအညီယူနေရတာမို့ သည်းခံနေရတာ။

ဘယ်လောက်သည်းခံရလဲဆို ရှောင်းကျန့်တီးပြတဲ့ စန္ဒယားတောင် နားထောင်လိုက်ရသေး။
တီးတာလေးကတော့  မဆိုးရှာပါဘူး။

စုံညီပွဲမနက်ပိုင်းတွင် အလုပ်တွေ အတော်ရှုပ်နေရသည်။လူတွေကလဲ ပျားပန်းခတ်လို့ ။

စျေးရောင်းပွဲတော် စဖွင့်တာနဲ့ ရိပေါ်တို့တန်းခွဲက အများဆုံးရောင်းရသည်။ရိပေါ်မေမေကိုယ်တိုင်ပေါင်မုန့်လာဝယ်ပြီး ရှောင်းကျန့်ကို ထမင်းစားကြွခဲ့ဖို့ ဖိတ်လိုက်သေးတာ။

"ရိပေါ် ကြက်ဥကတ်ယူပေး။ ၁၀လုံးလောက်ခေါက်ထား "

"အင်း"

သေချာခေါက်ပြီး ရှောင်းကျန့်ဘေးနားချပေးလိုက်သည်။ရှောင်းကျန့်လက်က အတော်မြန်တယ်။ အမှန်းအဆကလဲ တော်တယ်။ ဂျူံတစ်ခါနယ် ဘယ်နှစ်ယောက်စာ ဆိုပြီးကွက်တိထွက်သည်။

တစ်စက်မှမနားရပဲ တောက်လျှောက်လုပ်နေရတာတောင် အပြုံးမပန်းမပျက်တဲ့ရှောင်းကျန့်ကို သြချရတယ်။ရိပေါ်ကတော့ ခြေထောက်တွေတောင့်နေပြီ။

၃နာရီလောက်အကြာမှာတော့ လူတွေလဲအတော်ရှင်းသွားကြပြီ။နာရီကိုလှမ်းကြည့်လိုက်တော့ နောက်၄၅မိနစ်လောက်ဆို ပြဇာတ်စတော့မယ်။

"ရှောင်းကျန့် ခဏနေပြဇာတ်စတော့မယ်။ "

"ဟုတ်လား..ငါ အဝတ်လဲပြီး ထွက်ခဲ့မယ်။ "

"ဆရာမ ကျွန်တော်ပြဇာတ်အဖွဲ့ဆီသွားလိုက်တော့မယ်။ "

"အေး သားတို့ဒီနေ့တာဝန်ကျေတယ်နော်။ "

ရှောင်းကျန့်ထွက်လာတော့ ဆရာမကိုနှုတ်ဆက်ပြီး
ပြဇာတ်ခန်းမဆီလျှောက်လာခဲ့ကြတယ်။ရှောင်းကျန့်လက်ထဲ ကျမ်းစာအုပ်တော့ပါမလာဘူး။

"ရင်တွေခုန်နေတယ်။စာနဲ့ပဲဖတ်ခဲ့ရတ​ဲ့ဇာတ်လမ်းကို လူတွေက သရုပ်ဆောင်မှာဆိုတော့။ "

Way Back Home Where stories live. Discover now