1

5.1K 256 10
                                    

(Zawgyi)

အော်~နေရင်းထိုင်ရင်းနဲ့ Min yoongi ဆိုတဲ့ FAလေး~ဘဝမှာ Crush ဆိုတာကြီးကို တွေ့လိမ့်မယ်လို့ စဉ်းတောင်မစားမိဘူး ။ တွေ့မယ့်တွေ့ကြတော့လည်း တန်းနေတာပဲ ~။

"ကတောက်~"

Welcome ပွဲကျင်းပရာ စင်ပေါ်ကိုကြည့်ရင်း yoongi အားမလို အားမရတွေဖြစ်ကာ တောက်တချက်ခေါက်လိုက်မိသည် ။ စင်ပေါ်မှာကနေတဲ့ ကောင်လေးကို မသိရလေခြင်းဆိုတဲ့ မိမိကိုယ့်ကို အားမရမှုနဲ့ တောက်ခေါက်လိုက်ခြင်းသာ~။

BTSရဲ့ သီချင်း Baepsae နဲ့ ကနေတဲ့ကောင်လေးက အဖွဲ့လိုက်ကနေပေမယ့် အဲ့ကောင်လေးကိုပဲ မျက်စိထဲမှာ ကွက်ပြီးမြင်နေသည် ။ အင်းလေ ချောတာကို ယုန်သွားလေးနဲ့ ခိခိ ။
သူ့ရဲ့ကကွက်တွေက ကြည့်နေတဲ့တခြားလူတွေတော့မသိပေမယ့် ကိုယ်တော့ သူ့ကိုကြည့်ရင်း ရင်ဘက်ထဲက အိပ်နေတဲ့ လိပ်ပြာတွေပဲ ထပျံနေသလို ပန်းခင်းလိုက်ကြီးပဲ ပွင့်အာလာသလို နေရတာ မအီမလယ်နဲ့~။

အမှန်တိုင်းပြောရရင် ကိုယ်တိုင်က သူများတွေကို သိပ်တော့ဂရုမစိုက်တတ်တဲ့သူပင် သူငယ်ချင်းတောင် နှစ်ယောက်ပဲရှိပြီး အားရင်အားသလို ခွေခေါက်ပြီး အိပ်နေတတ်သူ ။ final year ကျောင်းသားဖြစ်နေပေမယ့် ဂျူနီယာလေးတွေကို သေချာမမှတ်မိတာက တချိန်လုံး အတန်းထဲမှာ နေနေလို့သာ ~။ အဲ့လိုနေလို့ စာလုပ်တယ်မထင်လိုက်ပါနဲ့ တနေ့စာတနေ့လုပ်ပြီးမှ အောင်တဲ့ ဦးနှောက်သေးသေးလေးနဲ့လူတွေထဲမှာ ကိုယ်မပါ ။ Min yoongi ဆိုတဲ့ ကိုယ်က စာမေးပွဲနီးမှာ စာအုပ်ပုံထဲခေါင်းထိုးအိပ်တတ်တဲ့လူစားမျိုးသာ~။ ရှိတဲ့ သူငယ်ချင်းနှစ်ကောင်ကလည်း တားမယ်မကြံဘူး သူတို့ပါ ရောပြီး gameဆော့လိုက် စားလိုက်နဲ့လုပ်နေကြတဲ့ကောင်တွေ~။

အယ်~ကောင်လေးကနေတာတောင်ပြီးတော့မယ် ဆံပင်တွေကိုသပ်တင်ပြီး နှုတ်ခမ်းကိုလျှာနဲ့သပ်ပြနေတာ~ကြည့်စမ်း ကလေးစုတ်~စီနီယာတွေကို မလေးမစားနဲ့~ရင်ခုန်နှုန်းကြမ်းအောင်လုပ်မှုနဲ့ ငေါက်ပလိုက်ရ~။

"Yoongi hyung ~ဘာဖြစ်နေတာလဲ"

ဘေးနားကနေ မေးလာတဲ့ Namjoon ကြောင်း မေးငေါ့ပြကာ

Sukidesu Kohai (Completed)Where stories live. Discover now