10

2.3K 172 11
                                    

(Zawgyi)

ဒီနေ့ အားလပ်ရက်ဟုဆိုကာ Date လုပ်ဖို့ရာ တက်ကြွနေသော Min Yoongi လေးကတော့ အဝါရောင် Hoodie လေးကိုဝတ်ကာ ဘေးနားလေးက ရေမွှေးပုလင်းကိုယူပြီး ရွှီး ရွှီး ရွှီးဆိုပြီး သုံးချက်တောင် ဖြန်းပလိုက်သည် ။ မွှေးကြိုင်နေတော့မှာပဲ..

ခေါင်းလေးကို ဖြီးပြီး ဖိနပ်လေးကောက်စွပ်ကာ ကော့ပတ်ကော့ပတ်နဲ့ ဆင်းသွားပြီးမှ အခန်းတံခါးပိတ်ဖို့ရာ မေ့နေခဲ့လို့ ပြန်ပြေးတက်ပြီး ပိတ်ရသေးသည် ။ အခန်းတံခါးဖွင့်ထားလို့ သူခိုးဝင်သွားတာ ကိစ္စမရှိပေမယ့် မိမိDiary ထဲမှာ ရေးထားသော Jungkookie ကို မည်မျှချစ်သည် ဟုသော အကြောင်းတွေက ကိုယ့်ဘာသာပြန်ဖတ်ရင်တောင် တွေ့သမျှကိုက်ချင်လာတာ သူများတွေ ဖတ်မိသွားရင် အကြောလိုက်သွားနိုင်တာကြောင်းပင် ။

Jin Hyung တို့ရောလို့မမေးနဲ့ ဒီလိုမျိုး အားလပ်ရက်လေးမှာ အခန်းတွင်းအောင်းနေတာဆိုလို့ FA တွေပဲရှိတယ် ။ သူတို့အတွဲလည်း အစောကြီးကတည်းက ထွက်သွားကြပြီး Min Yoongi လေးလည်း Jungkookie လေးနဲ့ လမ်းသလားတော့မည် ။

အရင်တုန်းကတော့ Min Yoongi လေးလဲ အဲ့လိုပါပဲ အခန်းတွင်းအောင်းရင်း ဆိုင်တွေကိုဖုန်းဆက်ပြီး မှာစားကာ Manga စာအုပ်တွေနဲ့ပဲ ဖြတ်သန်းဖူးပါသည်။ အထီးကျန်ဆန်လိုက်တာဆိုတာလေ ပြောရင်းနဲ့ ဝမ်းတောင်နည်းလာပြီ ကျဥ ကျဥ ။

အခုတော့ ပြင်ဆင်ပြီး အချစ်ကလေးနဲ့ စားသောက်ဆိုင်တခုခုမှာ Date ၊ ရုံတင်တဲ့ သရဲကားလေးကြည့် ၊ ပြီးရင် ဟန်မြစ်ဘေးသွားထိုင်ကြကာ ခြေများကြပြီး မိုးချုပ်မှ ပြန်မည်လေ ။ ဒါကလည်း RS မို့လို့ပါ ။ FAတွေသာဆိုရင် တယောက်တည်း ခြေများပြီး စားသောက်ဆိုင်တွေသွားလည်း အတွဲတွေကြား ယောင်လည်လည်ဖြစ်နေမှာ ။ သရဲကားကြည့်တယ်ဆိုတာလည်း RS ရှိလို့ကြည့်ရတာ ။ FA ဖြစ်ကြည့်ပါလား တခုခုဆို ဝင်တိုးစရာ ရင်ခွင်မရှိသလို ဖက်ထားစရာ လူလည်းမရှိ ဆိုး~~ပူးဝါး ပဲ ။ ပြောရင်းနဲ့ စိတ်တောင်မကောင်းတော့ဘူး ။ တော်သေးတာပေါ့ Min Yoongi လေးက RS နဲ့မို့ ။

"Hyung ~"

ကားအပြင်မှာထွက်စောင့်နေရင်း လှမ်းခေါ်သော jungkookie ကြောင်း ခပ်မြန်မြန်လေးလျှောက်သွားလိုက်သည် ။ အနားရောက်တော့ လက်နှစ်ဖက်ကို ဆန့်ပေးလာသော အချစ်ကလေးကြောင်း သူ့ရင်ခွင်ထဲမှာ နေရာယူလိုက်သည် ။

Sukidesu Kohai (Completed)Where stories live. Discover now