9

2.3K 178 7
                                    

(Zawgyi)

**ယော်ရောဘွန်းတို့ အားလုံးပဲ ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံပြီး သာယာသောမနက်ခင်းကို ပိုင်ဆိုင်ချင်ပါသလား ။

ပိုင်ဆိုင်ချင်ပါက ရည်စားထားပါ **

ပုံ/
RS အသစ်စက်စက်လေးနှင့် ဂေါ်နေသော Version မြင့် Min yoongi လေး
(မဟားတရားတွေကို စိတ်ကြီးတွေဝင်နေသော အီမိုဂျီဖြင့် )

ဂျူးဂျူးလေးနှင့် ရည်းစားဖြစ်ပြီးကတည်းက မနက်ခင်း နေ့ခင်း ည အရာအားလုံးက သာယာပြီးသားပဲ ။ ဘယ်လောက်သာယာလဲဆိုရင် Jin Hyung ရဲ့ ပွစိပွစိအသံကတောင် နားထဲမှာ နားဝင်ချိုနေတဲ့အထိ ။ အခုလည်း Hyung ကျောင်းပေါက်ဝမှာ စောင့်နေမယ်တဲ့ ချစ်တယ်တဲ့ ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ ။

စောင့်နေမယ် ချစ်တယ် ဆိုတဲ့ message ကိုရကတည်းက ကုတင်ပေါ်ကနေ စောင်တွေနဲ့ပတ်ရင်း လူးလှိမ့်ကာ အော်ဟစ်ပျော်ရွင်နေတဲ့ Min Yoongi လေး ပါးစပ်ကလည်း ခွေးပေါက်စလေးတွေလို အသံမျိုးစုံထွက်လို့ ။ အိနြေ္ဒမရနေတာက ရည်းစားအခုမှထားဖူးမှန်း သိသာလိုက်တာ ...

"I love you~~baby ~~"

အရင်က အေးသလောက် ရည်းစားရပြီးမှ တအားတွေ ယွစိထိုးနေတဲ့ Min Yoongi လေးကို ငယ်မွေးခြံပေါက်သူငယ်ချင်းလို့ပြောရမှာတောင် ရှက်တယ် ။

Jungkook နှင့် ရည်းစားဖြစ်သွားတာက ဒီနေ့နဲ့ဆို လေးရက်လောက်တော့ ရှိသွားပြီဖြစ်သလို min Yoongi လေးကို Seokjin ကြည့်မရတာလည်း လေးရက်ရှိသွားပြီ ဖြစ်သည် ။ ဘာလို့တွဲတဲ့ရက်ကို မှတ်မိနေတာလဲမမေးနဲ့ အဲ့နေ့ကစပြီး Kim Seokjin တို့ မျက်စိဒုက္ခ နားဒုက္ခတွေ ရောက်လွန်းလို့ မှတ်မိနေတာ ။ ဘယ်လိုရောက်တာလဲလို့လည်း လာမမေးနဲ့ ရှေ့လျှောက် ခင်ဗျလေးတို့ပါ Seokjin လေးနဲ့ အတူတူကြုံရလိမ့်မည် ။ ဒါပဲပြောမယ် ...

"Jin Hyung ထလေ ကျောင်းသွားဖို့ လုပ်တော့ အပျင်းကြီးနေတာ "

ဖင်လေးလှုပ်ကာ လှုပ်ကာနှင့် သီချင်းညည်းရင်း အင်္ကျီတွေရွေးနေသော Yoongi လေးအား Seokjin လက်ထဲမှာ ပိုက်ထားသော ခေါင်းအုံးနှင့် ထုပစ်ချင်စိတ်တွေက တဖွားဖွား ။ တီရှပ်အဖြူအပွကြီးကို အောက်ကနေ ဘောင်ဘီတိုအနီလေးနဲ့ တွဲဝတ်ထားတဲ့ ထိုအကောင်ပေါက်ကတော့ သီချင်းလေးညည်းရင်း မျက်နှာသစ်ဖို့ရာဝင်သွားသည် ။

Sukidesu Kohai (Completed)Where stories live. Discover now