5

2K 209 20
                                    

(Zawgyi)

"ချောလိုက်တာ Jeon Jungkookရယ်"

မေးစေ့ကိုလက်နဲပွတ်ကာ မှန်ထဲက ကိုယ့်ရုပ်ကိုကိုယ် ဂုဏ်ယူနေခြင်းဖြစ်သည် ။ချောသည် တော်တော်လေးချောသည် ။ မဟားတရားချောသည် ။ငယ်ငယ်ကတည်းက လိမ့်လိမ့် လိမ့်လိမ့်နဲ့ ချစ်စရာကောင်းအောင် ချောသည် ။ကိုယ်ဟာ တော်တော်လေးချောတဲ့ကောင်လေးဆို ယုံမလား ။

"ဒီနေ့မှ ပိုချောနေသလားပဲ"

ပြောသာပြောရတာ ကိုယ်ဆိုတဲ့ jungkook ကလည်း နေ့တိုင်းချောနေတာပဲ မဟုတ်လား ။တနေ့တခြား ချောချောလာလို့ကို စိတ်ညစ်နေရတာ ။

jungkook လေးဟာဆိုရင်ဖြင့် အင်္ကျီဝတ်ပြီးတဲ့အထိ ကိုယ့်ကိုကိုယ် ချီးမွမ်းခန်းတွေ ဖွင့်မပြီးသေး တသက်လုံးက မမြင်ဖူးတဲ့လူလို့ သူရုပ်ကိုသူ မှန်ထဲမှာ ကြည့်မဝပါပဲ ။

~တီ~တီ ~တီ ~

ဖုန်းလာကာမှ မှန်ကနေ အကြည့်ခွာကာ ဖုန်းကိုကိုင်လိုက်သည် ။

"အော် ပြော ညီမလေး "
"အင်း ကိုယ်အခုပဲ ထွက်ခဲ့တော့မလို့ ခဏပဲစောင့်"
"ဒါပဲ "

Jungkook ဖုန်းချကာ စားပွဲခုံပေါ်ကနာရီကို ပတ်လိုက်ပြီး အပြင်ဘက်သို့ထွက်လာခဲ့သည် ။ မနေ့ကခင်တဲ့ ဂျူနီယာ ညီမလေးက မုန့်စားဖို့ရာ ချိန်းထားတာကြောင်း အခုလို ပြင်ဆင်နေရခြင်းဖြစ်သည် ။ မုန့်စားမယ် ရုပ်ရှင်သွားကြည့်မယ် ကံကောင်းရင်တော့ RS လေးတယောက် အဖတ်တင်တာပေါ့ ~ ။

~~~~~~~

"Jin Hyung ~ငါက Avengers: Infinity war ကို ကြည့်မှာနော် "

ဘေးနားလေးကနေ ကပ်ပြီးပြောနေတဲ့ Yoongi ကြောင်း Seokjin ရယ်ကာ ပခုံးဖက်ပြီး Namjoon နဲ့သူ့ရဲ့ အလယ်ကို ဆွဲသွင်းလိုက်သည် ။ နှစ်တထောင်နေမှ အပြင်တခါထွက်တဲ့ ကာလနဂါးလေးမို့ လူတွေအများကြီးထဲမှာ ဒီသေးသေးလေးပျောက်သွားရင် နားကားလိမ့်မယ် ။

အခုသူတို့သုံးယောက်ရဲ့ ဒီဇိုင်းကာလာဟာဆိုရင်ဖြင့် ဓာတ်တိုင်နှစ်တိုင်ကြားမှာ ကြောင်ပေါက်လေးညပ်နေသလို သိပ်လှတဲ့အနေအထား ။

"အေးပါကွာ ငါတို့လည်း အဲ့တာပဲကြည့်မှာပါအသဲရာ "

အသဲဟုခေါ်ကာ ဆံပင်တွေကိုလာဖွတဲ့ Jin Hyungရဲ့ နံရိုးကို တံတောင်နဲ့တွတ်ပလိုက်သည် ။ သိပ်ပါးစပ်ဆော့တဲ့အကောင် တော်သေးသည် သူ့ချစ်သူက ငယ်ငယ်ကတည်းက ပေါင်းလာကြတဲ့ Kim Namjoon ဖြစ်နေလို့ ။ တခြားသူ ကောင်မလေးတွေသာဆို ကိုယ်ရောသူပါ ပါးကျိုးနေလောက်ပြီး ။

Sukidesu Kohai (Completed)Where stories live. Discover now