(Zawgyi)
သုံးရက် ~~ဂျူးဂျူးလေးကို ဖွင့်ပြောပြီးကတည်းက မတွေ့ရတော့တာ သုံးရက်ရှိနေပြီဖြစ်သည် ။ အောက်ထပ်ဆင်းရင်လည်း အခန်းဝမှာ မတွေ့ရတော့ ။ ဟိုတနေ့က တွေ့ပြန်တော့လည်း ရယ်ပြရုံမှအပ နှုတ်တောင်ဆက်မသွား Namjoon ကိုမေးကြည့်တော့ အလုပ်ရှုပ်နေလို့နေမှာပါတဲ့ ။ ဘယ်လောက်ပဲအလုပ်ရှုပ်ရှုပ် ကိုယ်က ဖွင့်ပြောထားတာကို သူ့ဘက်ကနေ ရှောင်နေသလို ခံစားလာရသည် ။
အခုလည်း သူပါလိုက်မယ်ဆိုလို့ လိမ္မော်ခြံလုပ်အားပေးသွားတာကို ကိုယ်ပါလိုက်လာတာ ကားထွက်ခါနီးမှ သူမလိုက်နိုင်လို့ မနက်ကြမှလာခဲ့မယ်တဲ့ ။ ကိုယ်ကများ ဝန်ထုပ်ဝန်ပိုးဖြစ်နေလို့ ရှောင်နေသလားဟုသော အတွေးလေးက ခေါင်းထဲရောက်လာတော့ စိတ်ထဲမှာ ဝမ်းတော့နည်းမိသား ။
~~~~~~~
ကားပြတင်းပေါက်ပေါ်မှာ ပါးလေးအပ်ပြီး ငြိမ်နေတဲ့ Yoongi ကြောင်း Seokjin မျက်မှောင်ကြုပ်လိုက်သည် ။ ဒီလိုမျိုးငြိမ်နေတာ သုံးလေးရက်ရှိနေပြီဖြစ်တာကြောင်း စိတ်ပူစပြုလာပြီ ဖြစ်သည် ။ ဒီလိုမျိုးကြီးငြိမ်နေတာထက်စာရင် အိပ်နေတာက သူ့ပုံစံမလား ။
"Yoongi ဘာဖြစ်နေတာလဲ "
"ဘာ မှ မ ဖြစ် ဘူး "
စကားတလုံးနှင့် တလုံးကို တမိုင်လောက်ခြားကာ ဖြေလာတဲ့ Min Yoongi က ရှေ့ရက်တွေတုန်းကနဲ့များတခြားစီ ။ ရှေ့ရက်တုန်းကများ ငါးရတဲ့ကြောင်ပေါက်လေးလို တက်ကြွနေသမျှ အခုကြတော့ ရေချိုးပေးခံထားရတဲ့ ကြောင်ရုပ်နဲ့ ။
ဘေးနားက Namjoon ကို မေးဆတ်ပြလိုက်တော့ ခေါင်းခါပြလေသည် ။
"Min Yoongi ဘာဖြစ်နေတာလဲ မင်းကြည့်ရတာ ကြောင်နာကျနေတဲ့ရုပ်နဲ့ နေမကောင်းတာလား "
~ဖတ်~
Seokjin လေးက စေတနာနဲ့ နဖူးလေးကို အမြန်စမ်းကြည့်လိုက်ပေမယ့် နဂိုကတည်းက စိတ်မြန်လက်မြန်ရှိတဲ့ အကျင့်ကြောင်း အရှိန်ပြင်းသွားပြီး Yoongi နဖူးကို လက်နဲ့ရိုက်မိတာ ဖတ်ဟုသော မြည်သံစွဲ အလင်္ကာလေးတောင် ထွက်သွားသည် ။
"Sorry ~sorry ~ငါ နေမကောင်းနေတာလားလို့ စမ်းကြည့်တာပါ "
ငဂယ်ပုံအတိုင်း မဲ့လာသော yoongi ရဲ့ နှုတ်ခမ်းပါးလေးကြောင်း Seokjin ပြာပြာသလဲတောင်းပန်ကာ နဖူးလေးကို လက်နဲ့ပွတ်ပေးလိုက်သည် ။ သူလုပ်မှ yoongiလေးနဖူးမှာ ခရမ်ချဉ်သီးခင်းကြီးဖြစ်သွားတာကို သူသိသင့်ပါသည် ။
YOU ARE READING
Sukidesu Kohai (Completed)
FanfictionJeon Jungkook x Min Yoongi Written by AchanN12