(Zawgyi)
ဝုန်းဟုသော အခန်းတံခါးကြောင်း စာကြည့်စားပွဲခုံပေါ်မှာ ထိုင်ရက်လေးငိုက်နေသော Min Yoongi လေး မပွင့်တဲ့ မျက်လုံးလေးကို အတင်းဖွင့်ကာ ကြည့်လိုက်သည် ။
"Kim Namjoon ~မင်းက ကျေနပ်နေတာမလား အဲ့ကိုပဲ သွားချည်လေ "
"မဟုတ်ပါဘူး Jin Hyung ရယ် ကျွန်တော်ပြောတာကို တချက်နားထောင်ပါအုံး "
Jin Hyung က ဘာကိုစိတ်ဆိုးလာလဲမသိဘူး မျက်မှောင်ကြီးကို Angry bird လိုမျိုး ကြုပ်ထားကာ Namjoon ကတော့ အတင်းတွေ လက်ကိုဆွဲကာ ရှင်းပြနေလေသည် ။
Yoongi ခုံပေါ်မှာ ဆောင့်ကြောင့်လေးထိုင်ကာ လက်ထဲက ဘောပင်လေးကို ကိုက်ရင်း သူတို့နှစ်ယောက်ကို ကြည့်နေလိုက်သည် ။ စာလုပ်ရင် အိပ်ချင်တဲ့ မျောက်လုံးလေးက အခုတော့ သူမဟုတ်သည့်အတိုင်း ပြူးလာသလိုပင် ။ စာမေးပွဲတွင်းကာလဆိုတာ ကြေညာတောင် စိတ်ဝင်စားစရာကောင်းသည့်ကာလဖြစ်သည့် အလျောက် Yoongi လည်း ထိုတာဝါတိုင်ကာပယ်လ်ရန်ဖြစ်တာကို ကြည့်ကောင်းကောင်းနှင့် ထိုင်ကြည့်နေမိသည် ။
"မင်းက ငါ့ကိုတောင်ပစ်ပြီး အဲ့ကလေးမနဲ့ သာယာနေတာလေ ~ငါလာခေါ်တာတောင် မတွေ့နိုင်ဘူး "
အဲ့ Namjoon ကောင် ဘာလုပ်တာလဲမသိဘူး ။ Jin Hyung က ကျွန်တော့်သာ ပွစိပွစိတွေများတာ Namjoon ကြ ချစ်လွန်းလို့ တခွန်းမှ မပြောတဲ့ဟာကို ။
"Jin Hyung ! ကျွန်တော်ပြောတာကို တချက်လေး နားထောင်ပေးစမ်းပါ "
Jin Hyung ရဲ့ ပခုံးတွေကို Namjoon က ကိုင်လှုပ်လိုက်တော့ Jin Hyung ရဲ့ ဆံပင်အုပ်အုပ်လေးက လေထဲမှာတောင် ဝဲနေသလို ။ ဒရာမာ ဆန်လိုက်တာ ..
"Hyung ထင်သလိုမဟုတ်ဘူး သူက စာကူရှာခိုင်းလို့ ရှာပေးနေတာ ကျွန်တော်က စာကြည့်တိုက်တာဝန်ကျနေတော့ မလုပ်ပေးလို့မှမရတာ hyung ရယ် ~ကျွန်တော့်ကို အဲ့လောက်အထင်သေးလား မယုံဘူးလား "
ဘာလဲ, အခု Namjoon က Jin Hyung ရဲ့ ပခုံးပေါ်ကို ခေါင်းမှီလိုက်တာလား ။
Yoongi ကြည့်နေရင်းနဲ့ ဘောပင်ဖုံးလေးကို ကိုက်လိုက်သည် ။
"မဟုတ် မဟုတ်ပါဘူး Joon ရာ ငါက ~ငါက ဒီတိုင်း မင်းကိုကောင်မလေးတယောက်နဲ့ မြင်တော့ ပူထူသွားလို့ပါကွာ ငါ မင်းကို ယုံပါတယ် "
![](https://img.wattpad.com/cover/234638491-288-k805026.jpg)
YOU ARE READING
Sukidesu Kohai (Completed)
FanfictionJeon Jungkook x Min Yoongi Written by AchanN12