(Zawgyi)
"စီနီယာ~"
သာယာသော အသံလေးရဲ့နောက်မှာ ယုန်နားရွက် ဘီးကုပ်ကလေးနဲ့ ကျတော်ချစ်ရသော ဂျူးဂျူးလေးကကျွန်တ်ာကို ချစ်ရည်ရွမ်းလဲ့သော မျက်လုံးများဖြင့်ကြည့်နေတယ်တဲ့လား ။
"စီနီယာ~"
ထိုင်နေတဲ့ ကျွန်တော်ရဲ့ပေါင်ပေါ်ကို ကြောင်လေးတကောင်လို့ ပွတ်သပ်ပြီး တက်လာတဲ့ဂျူးဂျူးလေး ။
ပုံမှန်ခပ်ရှရှအသံလေးကို တမင်ချွဲပစ်နေအောင် ခေါ်နေတဲ့ ဂျူးဂျူးလေး ကြောင်း တံတွေးတချက်မြိုချကာ"Jungko~"
စကားမဆုံးခင် လက်ချောင်းသွယ်သွယ်နဲ့ နှုတ်ခမ်းကို လာပိတ်တဲ့ သူ~ကျွန်တော့်မှာတော့ ပြောစရာစကားတွေ ပျောက်ဆုံးလျက် တဖြည်းဖြည်းချင်း မျက်နှာချင်းနီးကပ်လာတဲ့ ဂျူးဂျူးလေးကြောင်း မျက်လုံးကိုစုံမှိတ်ချလိုက်တော့ သူက ခပ်တိုးတိုးရယ်ကာ
"ချစ်တယ်~စီနီယာ"
ကြားရတဲ့စကားသံရဲ့နောက်မှာ နှုတ်ခမ်းပေါ်ကို ကျရောက်လာတဲ့ နွေးထွေးမှုအချို့ နူညံ့သည် ။ချိုသည် ။ဘုရားရေ~~ဂျူးဂျူးလေးက ကျွန်တော့်ကို နမ်းတယ်တဲ့လား~အိမ်မက်များလား~ ။
အိမ်မက် ~အိမ်မက်~အဟင့် ဘုရားမလို့ အိမ်မက်မဖြစ်ပါစေနဲ့ အိမ်မက်မဟုတ်ပါစေနဲ့ ။စောင်ကြီးကိုဖက်ကာ ယောင်နေသော Yoongiကိုကြည့်ပြီး Seokjin တယောက် ခေါင်းသာခါမိသည် ။ခုနကပြုံးဖြီးနေတဲ့ မျက်နှာကြီးက အခုကြတော့လည်း သရက်သီးပိန်ကို ကားကြိတ်ထားတဲ့အခွက်နဲ့
"Min Yoongi ရေ ~ထတော့ဟ"
ပြောရင်းနဲ့ သူခြုံထားတဲ့စောင်ကို ဆွဲချလိုက်သော BFFကြီး Seokjin ကြောင်း သနားစရာ Yoongiလေးခဗျာ အိပ်ရာထက်ကနေ ကြမ်းပြင်ပေါ်သို့ ဒုန်းကနဲ့ ~
"Jin Hyung~~"
Jin Hyung ကို ဒေါသထွက်ထွက်နဲ့ အော်လိုက်မိသည် ။ဘာမှန်းလည်းမသိဘူး လူကိုအတင်းလာနိုးနေတာ သူလုပ်တာနဲ့ ဂျူးဂျူးလေးကိုတောင် နှိုက်မမြည်းလိုက်ရဘူး ~~
"မှုန်ကုပ်ပြီး ထိုင်မနေနဲ့ကိုယ်တော် ကျောင်းသွားဖို့ရာလုပ်တော့ ~ငါတောင် အကုန်ပြီးပြီ"
YOU ARE READING
Sukidesu Kohai (Completed)
FanfictionJeon Jungkook x Min Yoongi Written by AchanN12