12 (final)

3.6K 208 10
                                    

(Zawgyi)

" သားသား ~GiGi ~စပျစ်ဗန်းကို မှောက်မပစ်နဲ့နော် "

မားက အိမ်ထဲအော်တဲ့အသံကြောင်း ခေါင်းငြိမ့်ပြလိုက်သည် ။ ဘာပဲပြောပြော ပြန်တော့ဖြေပြီးသွားပြီ မြင်တာ မမြင်တာက မားရဲ့အပိုင်း ။

Yoongi စပျစ်ဗန်းကို ပျင်းတိပျင်းရွဲသယ်လာရင်း ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ကြည့်လိုက်သည် ။ ဖုန်းက No service တဲ့ ။

"စိတ်တွေညစ်လိုက်တာ "

Yoongi နှုတ်ခမ်းကို စူပုတ်ထားရင်းနှင့်ပင် ညည်းလိုက်သည် ။ လွန်ခဲ့တဲ့ နှစ်ရက်တည်းက ဖုန်းလိုင်းမကောင်းတာ ဒီနေ့အထိပင် ။

"Jungkookie ကတော့ စိတ်ပူနေတော့မှာပဲ "

ပြောကာ စပျစ်တလုံးကို ကောက်စားလိုက်သည် ။

"အီး~~ချဉ်လိုက်တာ "

အစိမ်းရောင် စပျစ်သီးဖြစ်နေတဲ့အပြင် ခြောက်စပြုနေတာကြောင်း ပါးစပ်ထဲကို အချဉ်ဓာတ်ဆူးဆူးက ပျံနုံ့ကုန်သည် ။

"မားမား စပျစ်သီးတွေက ချဉ်တာ "

စပျစ်သီးချဉ်တာကိုတောင် စိတ်အလိုမကျစွာနဲ့ အိမ်ထဲမှာ ဟင်းချက်နေတဲ့ အမေကို လှမ်းတိုင်နေတဲ့ Min Yoongi လေးပါပဲ ။

"ချဉ်မှာပေါ့ သကြားကပ်ရတဲ့ဟာကို ဒီတိုင်းတွေငတ်ကြီးကျပြီးတော့ "

ဟင်းချက်နေတဲ့ အမေကလည်း သားလုပ်သူကို ကြင်ကြင်နာနာလေး ပြန်ပြောရှာပါသည်လေ ။ အင်း~လိုက်လည်း လိုက်တဲ့ သားအမိတွေပင် ။

Yoongi စပျစ်ဗန်းကို ဆောင့်ချကာ ဘေးသို့ ခုန်ထွက်လာသော စပျစ်သီိးလေးတွေကိုလည်း ပြန်မကောက်ဘဲ ဒီတိုင်းပစ်ထားလိုက်သေးသည် ။ ဒါသက်သက် စိတ်ကောက်ပြတာ ။

"Jungkookie ဆီကို ဖုန်းတောင် မဆက်ရဘူး "

သူ့ဖုန်းလေးကိုကြည့်ကာ ခပ်ညည်းညည်းလေးပြောလိုက်သည် ။ သူအခုရောက်နေတာက Daegu အစွန်းနားက တောင်ခြေရွာလေးမှာ ရောက်နေတာဖြစ်တာကြောင်း မုန်တိုင်းတိုက်ပြီးရင် ဖုန်းလိုင်းမမိခြင်းက အထူးအဆန်းတော့မဟုတ် ။ လူဦးရေ ရာကျော်လောက်သာရှိသော ဒီရွာလေးကို အဘွားလုပ်သူက သံယောဇဉ်တွဲနေတာကြောင်း Yoongi တို့ မိသားစုနှင့်မနေဘဲ သူ့ဘာသူသာ တယောက်တည်းနေခဲ့ခြင်း ။ 

Sukidesu Kohai (Completed)Where stories live. Discover now