(Zawgyi)
မားထည့်ပေးလိုက်သော အရုပ်ကလေးတွေနဲ့ညအိပ်ဝတ်စုံလေးကိုဝတ်ရင်း အိပ်ရာပေါ်မှာ ကားယားလေးလှဲနေကာ Yoongi စဉ်းစားခန်း ဝင်နေမိသည် ။
တပတ်~တပတ်တောင်ရှိသွားပြီး Crush ဆိုတဲ့အကောင်ကို သွားသွားပြီးရှိုးနေရတာ တပတ်ပြည့်လို့ ကျော်တောင်ကျော်တော့မယ် ဘာအခြေအနေမှ မတိုးတက်လာနိုင်သေး ။ အမှိုက်ပစ်ဆိုပြီးသွားတယ် ကျွန်တော် အမှိုက်ပစ်သွားလွန်းလို့ အခန်းထဲမှာလည်း ပြောင်သလင်းခါနေပြီ ပစ်စရာမရှိတော့လို့ တွေ့ကရာအမှိုက်အိတ်ထဲထည့်ရင် Namjoon ရဲ့ ကဗျာစာအုပ်တွေပါထည့်ပစ်မိလို့ ညကျမှ သုံးယောက်သား အမှိုက်ပုံးသွားနှိုက်ရတာလည်း မနည်းတော့ ။ အပြင်ဘက်ဆိုသွားပြီး အဆောင်ဝမှာ ယောင်လည်ယောင်လည် လုပ်ပြီး ပြန်လာရတာလည်းမနည်းတော့ ။
နောက်ဆုံး ဟိုနှစ်ကောင်က ဝိုင်းကြပ်ကြလို့ ပြောပြလိုက်တော့ Namjoon က သူနဲ့ခင်တယ်တဲ့ မိတ်ဆက်ပေးမယ်တဲ့ ~။ မိတ်ဆက်ပေးမယ်သာပြောတာ သကောင့်သားက အခုထိဘာမှလည်း လုပ်မပေးသေးဘူး ~။ အဲ့တော့လည်း အခုထိအောက်ဆင်းဖို့ကြိုးစားရင်း ဂျူးဂျူးလေးကို သွားသွားချောင်းနေရသည် ။ so sad ပါ Min Yoongi လေး~~
"Namjoon ~ငါအောက်သွားလိုက်အုံးမယ်~"
အိပ်ရာပေါ်မှာ ကားယားကြီးလှဲနေရင်း စွတ်ခနဲ့ထထိုင်ကာ ပြောလာတဲ့ Yoongi ကြောင်း လန့်ပြီး ကဗျာရေးလက်စဘောပင်ကို အားနဲ့ထောက်လိုက်မိတာ ဘောစိ့ကြွေသွားသည် ။ ဘောပင်တချောင်းတော့ သွားပြန်ပြီ ~
"ဘာလဲ~hyung ~"
"ငါ အောက်ဆင်းလိုက်အုံးမယ်~"
Namjoon လှည့်ကြည့်လိုက်တော့ ကွင်းထိုးဖိနပ်လေးဝတ်ကာ အောက်သွားဖို့လုပ်နေတဲ့ Yoongi ~
"Hyung~"
ကိုယ်ခေါ်တော့ တံခါးတောင်ပိတ်ပြီး ဆင်းသွားပြီ~ခဏ~ခုနက Yoongi hyung ညအိပ်ဝတ်စုံကြီး ဝတ်ထားတာမလား~
~~~~~~
လှေကားအောက်ဆုံးအဆင့်ကနေ ကြည့်လိုက်ပြီး Yoongi သဘောတကျပြုံးလိုက်သည် ။ထင်တဲ့အတိုင်းပဲ ဂျူးဂျူးလေးက ထိုင်ခုံမှာထိုင်ကာ game ဆော့နေလေသည် ။ အာရုံစိုက်ထားရလို့ထင်တယ် မျက်မှောင်လေးကြုပ်ထားသေးတယ် အဲ့ကလေးဟာ သေချာကြည့်လေ ပိုပြီးချောလာလေပင် ~နှာခေါင်းပွလေးနဲ့ အဟိ ။
YOU ARE READING
Sukidesu Kohai (Completed)
FanfictionJeon Jungkook x Min Yoongi Written by AchanN12