3

1.9K 219 3
                                    

(Zawgyi)

ဖတ်လိုက်စ manga စာအုပ်လေးကို အသာချရင်း Seokjin တယောက် Yoongi ကိုလိုက်ကြည့်မိသည် ။ လမ်းမဘက်ကိုကြည့်လိုက် ဟိုဘက်ကိုလမ်းလျှောက်လိုက် ဒီဘက်ကိုပြန်လာလိုက်နဲ့ ရှုပ်ယှက်ခတ်နေတဲ့ Yoongi ရယ်ပါ ။ကြည့်ရတဲ့လူလည်း မျက်စိတွေနောက်ပြီး ခေါင်းတွေမူးလှပြီ။

"ခဏ ~ခဏလေး ထိုင်စမ်းပါ Yoongi ရာ မင်းကြည့်ပြီး ငါတောင် ကြယ်တွေလတွေမြင်ကုန်ပြီ"

လက်လှမ်းဆွဲကာ ပြောနေတဲ့ Seokjin ရဲ့စကားကြောင်း ဘုရှိုးရှိုးကာ ဘေးနားမှာ ဝင်ထိုင်လိုက်သည် ။

"Jin Hyung ~~Namjoon ပြန်မလာသေးဘူးလား ဖုန်းဆက်ကြည့်စမ်းပါ"

"မင်းဘာမင်းဆက်ကြည့်လေ"

Seokjin ရဲ့စကားကို Yoongi က ချစ်စရာကောင်းလောက်အောင် နှာခေါင်းရှုံ့ ပြကာ

"ကျွန်တော်ဖုန်းက ဘေလ်မရှိဘူး"

Yoongi စကားကြောင်း Seokjin တချက်ရယ်ကာ

"Namjoon က ကြာအုံးမယ်ပြောတယ် ကျောင်းမဂ္ဂဇင်းကိစ္စတွေ လိုက်လုပ်နေတယ် ဘာလို့လဲ"

"ကျွန်တော် ကဗျာရေးတာသင်မလို့"

Yoongi ရဲ့စကားကြောင်း မျက်ခုံးတချက်ပင့်မိသည် ။နေလာတဲ့တလျှောက် တသက်နဲ့တကိုယ်မှာ Min Yoongi တို့ တခုခုကို လုပ်ချင်ကိုင်ချင်စိတ်ရှိတာ မရှိသလောက်ကို ရှားသည် ။တချိန်လုံးခွေခေါက်ပြီး အိပ်နေတဲ့ကောင်က ဒီလိုမျိုးတက်ကြွနေတာဆိုတော့ နည်းနည်းတော့ကြောက်ရသည်လေ ။

"အေး ~အေးပါ သင်ပေါ့"

"Jin hyung ~"

ဆိုဖာကို မှီထိုင်နေရာကနေ ချက်ချင်းကြီး ကိုယ့်နားကို ကပ်လာသည့် Yoongi ကြောင်း အနောက်တောင်ဆုတ်မိလိုက်သည် ။

"Hyung ~ကျွန်တော့်ကို ဓာတ်ပုံရိုက်တာ သင်ပေးပါလား"

ဘုရားရေ~~Seokjin ဘုရားတမိသည် Yoongi ကြည့်လိုက်တော့ အတည်ပြောနေတဲ့ပုံပင် ~။

"ဘာ ဘာလို့လဲ"

"ဒီအတိုင်း သင်ချင်လို့"

ဘာလို့မှန်းတော့မသိပေမယ့် Min Yoongi ဆိုသောသတ္တဝါလေးရဲ့ တက်ကြွတဲ့စိတ်ဟာ ဘယ်လိုမှ ကောင်းကျိုးမပေးနိုင်သည်ကိုတော့ အသေအချာသိပါသည် ။

Sukidesu Kohai (Completed)Where stories live. Discover now