(Zawgyi)
စာသင်ခန်းထဲမှာ ထိုင်နေသော Min Yoongi လေးဟာဆိုရင်ဖြင့် မဟားတရားတွေကို ပျင်းရိနေပါသည် ။ ထိုင်တာတောင် မတ်မတ်မထိုင်ပဲ ဘေးနားက Seokjin ရဲ့ လက်မောင်းကို ဆွဲချိတ်ကာ ကျောရိုးမဲ့သတ္တဝါတကောင်သဖွယ် မှီတွယ်ပြီးထိုင်နေသည် ။ လက်မှာလဲ အာလူးကြော်ဗူးကြီးကို ကိုင်လို့
"အ ~ Min Yoongi "
အာလူးကြော်လာနှိုက်သော Seokjin ရဲ့လက်ကို ပုတ်ချလိုက်သော Min yoongi ရယ်ပါ ။ သူကြမှီထားပြီး မုန့်ကြမကျွေးချင်ဘူး အကျင့်ကပုပ်လိုက်တာ ...
"ဘာလို့ရိုက်တာလဲ "
"ငါ့မုန့်လာနှိုက်လို့ "
ခေါင်းလေးကိုမော့ကာ ပြောနေတဲ့ Min Yoongi လေးအား Seokjin တို့ လုပ်ပစ်ချင်စိတ်တွေက တဖွားဖွား လုပ်လည်းမလုပ်ရဲဘူး ။ ဒင်းလေးက စိတ်ကောက်သွားရင် တနေကုန်တနေ့ခမ်း ထမင်းမစား ဘာမစားပဲ အိပ်တော့တာ နိုးလာရင်လည်း လူတကာကို ဘုကြည့်ကြည့်ပြီး ရန်လိုတော့တာပဲ ။ ဒင်းလေး စိတ်ကောက်ရင် တခန်းတည်းနေတဲ့ ကိုယ်တွေ ကမ္ဘာပျက်တာထက်ဆိုးတာ ကိုယ်ရော Namjoon ရောပါ သိတာမို့ ။
"ဟျောင့် အာလူးကြော်လေးတဖတ်တည်းကို "
"တဖတ်တည်းလည်း မုန့်ပဲ "
ဂျူနီယာလေး Jeon Jungkook ကတော့ Yoongiအား သိပ်အေးတာပဲတဲ့ အရှက်ကလည်းကြီးလိုက်တာတဲ့ ဒီလိုချိန်တွေတို့ အိပ်ရာထစချိန်တွေတို့ကို တွေ့စေချင်လိုက်တာ ။ အဲ့လိုချိန်တွေဆို ရန်လိုနေတဲ့ ကြောင်ပေါက်ကြနေတာပဲ ။
"မကျွေးလည်း စားမှာပဲ "
"မစားနဲ့ "
အာလူးကြော်ဗူးကို လက်နဲ့ကာထားတဲ့ Yoongi နဲ့ အတင်းတွေလိုက်နှိုက်နေတဲ့ Seokjin ရယ်ပါ ။ ဘာမှလည်းကြီးကြီးမားမားမဟုတ်တဲ့ အာလူးကြော်လေးကို ကလေးတွေလို လုပြီး ရန်ဖြစ်နေကြတဲ့ Seokjin နှင့် Yoongi အားကြည့်ရင်း Namjoon သက်ပြင်းချမိသည် ။
တော်သေးသည် ပေါင်းနေတဲ့သုံးယောက်ထဲမှာ ရင့်ကျက်တဲ့ကိုယ်ပါနေလို့ ။ ကိုယ့်ထက်အသက်ကြီးတဲ့ Hyung နှစ်ယောက်ဆိုတာ အခုချိန်ထိ ကလေးစိတ်ကမပျောက်သေး ။ ဒီကလေးကြီးနှစ်ယောက်ကို လိုက်ထိန်းရတဲ့ Kim Namjoon လေးက စိတ်မသက်မသာတွေ ဖြစ်ရပါတယ် ။
YOU ARE READING
Sukidesu Kohai (Completed)
FanfictionJeon Jungkook x Min Yoongi Written by AchanN12