7

2.1K 193 3
                                    

(Zawgyi)

"Jungkook ~~"

ကျောင်းထဲကနေ ထွက်လာသော ဂျူးဂျူးလေးကိုမြင်လို့ မြန်မြန်လာရန် လက်ယက်ပြကာ ခေါ်လိုက်သည် ။

"စောင့်နေရတာ ကြာပြီလား Hyung "

ကျွန်တော့်ဆီကို ပြေးလာပြီး မေးနေတဲ့ ဂျူးဂျူးလေးက ချောလိုက်တာ ။ အပေါ်က အဖြူရောင်ပေါ်မှာ အမည်းရောင်အစင်းလေးတွေပါတဲ့ shirt လက်ရှည်လေးကို အောက်က အမည်းရောင် ဂျင်းဘောင်းဘီလေးထဲ ထည့်ဝတ်ထားတာက လုံးဝကို သန့်နေတာပဲ ။ ကိုယ့်ကိုယ်ကိုပြန်ကြည့်မိတော့ ဒူးလောက်ဘောင်းဘီအပွကို အပေါ်က T shirt နဲ့ဝတ်ထားတဲ့အပြင် ကွင်းထိုးဖိနပ်လေးနဲ့ ကလေးကလားဆန်လိုက်တာ ။

"မကြာသေးပါဘူး အခုမှရောက်တာ "

အခုမှရောက်တာဆိုတာရဲ့ နောက်မှာ မနက်အစောကြီးထပြီး ရေတွေချိုးလို့ Jin Hyung တယောက် မိုးမွှန်နေအောင် အော်ဟစ်ထားရတဲ့ အကြောင်းတရားတွေ ရှိနေတာကို ဘယ်သူသိမှာ မှတ်လို့ ။

"တော်သေးတာပေါ့ ကျွန်တော်က Hyung တော့ စောင့်နေရပြီမှတ်နေတာ "

ပြောရင်းနဲ့ ဆံပင်တွေကို တချက်သပ်တင်လိုက်တဲ့ ဂျူးဂျူးလေးက ကြည့်ရင်းကြည့်ရင်းနဲ့ကို ချောနေရောပဲ ။

"မစောင့်ရပါဘူး သွားကြရအောင်လေ "

"ဒုံဒယ်မွန်ကို အရင်သွားရအောင် Hyung "

"အွန်းလေ သွားကြတာပေါ့ "

ပြဇာတ်အတွက် လိုတဲ့ ပစ္စည်းတွေကို သွားဝယ်ဖို့ ဆရာက ဂျူးဂျူးလေးနဲ့ ထည့်ပေးလိုက်တာက ဘုရားပေးတဲ့ ဆုလာဒ်ဆိုရင် ကျောင်းနဲ့အဝေးကြီးမှာရှိတဲ့ ဒုံဒယ်မွန်ဈေးကို သွားဝယ်မှရမှာက ဘုရားပေးတဲ့ အပြစ်ဒဏ်ပဲ ။

"Hyung~~သွားရအောင် Bus စောင့်နေရလိမ့်မယ် "

တက်ကြွစွာပြောလာတဲ့ ဂျူးဂျူးလေးကြောင်း ခေါင်းငြိမ့်ပြလိုက်သည် ။ အဝေးကြီးသွားမှာကို သူမပျင်းဘူးလားမသိဘူး တော်လိုက်တာ ။

ကျောင်းကနေ ထွက်လာပြီးနောက် bus စောင့်နေရာက တိုင်ကိုမှီပြီး busအလာကို စောင့်နေမိသည် ။ ဂျူးဂျူးလေးကတော့ စောင့်နေတုန်းမှာ သူ့ဖုန်းကိုထုတ်ပြီး game ဆော့နေလေရက် ။ သူ game ဆော့နေတာကို ကြည့်ရင်းနဲ့ တွေးမိတာက ဂျူးဂျူးလေးက ဘက်စုံတော်သည် ။ ရုပ်လေးကချော ၊ စာလေးကလည်းတော်သေး၊ အားကစားလည်းရ ၊ ပြဇာတ်မှာလည်း ကောင်းကောင်းကတတ်သည် ။ အခုလည်း game ဆော့နေတာ တကယ့် pro အဆင့်တဲ့ Namjoon ပြောပြတာကတော့ ။

Sukidesu Kohai (Completed)Where stories live. Discover now