၂၀၁၆ ခုနှစ်၊ မူဆယ်မြို့
"မား သားအခုတလော အိပ်မက်မက်နေတယ်"
၁၃နှစ်အရွယ် မျက်နှာဝိုင်းဝိုင်း ကောင်လေးသည် မီးဖိုချောင်တွင် ခေါက်ဆွဲပြင်နေသော မိခင်ဖြစ်သူကို လှမ်းပြောသည်။
"ဟုတ်လား သားလေး ဘာတွေမက်တာလဲ၊ မားကို ပြောပြပါဦး"
မိခင်ဖြစ်သူသည် ပန်းကန်လုံးကိုယူလိုက်ကာ ခေါက်ဆွဲထည့်ရင်း ဆက်ပြောသည်။
" ရှောင်ဖေး လာထိုင်လေ၊ သားကြိုက်တဲ့ ကြက်ပေါင်းခေါက်ဆွဲ ချက်ထားတယ် ၊ စားရင်းပြောပြ သားအိပ်မက်ကို"
ကောင်လေးသည် ခုံကိုဆွဲ၍ ဝင်ထိုင်သည်။
"ကောင်မလေးတစ်ယောက်ကိုမက်နေတာ"
မိခင်ဖြစ်သူသည် သားဖြစ်သူ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကာ
" အမယ်လေး သားလေးက ကောင်မလေးတွေကိုတောင်အိပ်မက်မက်နေပြီပေါ့" ဟုပြောကာ ပါးကို လှမ်းဆွဲလိမ်လိုက်သည်။
"အာ..မားကလည်း"
ကောင်လေးသည် ရှက်သွေးဖြာကာ ခေါင်းငုံ့သွားသည်။
"မား ကိုပြောပြပါဦး..ဘယ်ကောင်မလေးကို မက်တာလဲ။ ကျောင်းကလား"
မိခင်ဖြစ်သူက ပြုံးစစဖြင့်မေးသောအခါ ထိုကောင်လေး၏ ပါးနှစ်ဖက် ရဲတက်သွားကာ တူဖြင့် ခေါက်ဆွဲပန်းကန်ကို ဟိုဟိုဒီဒီ ထိုးမွှေနေလေသည်။
" သားက မျက်နှာတောင်မမြင်လိုက်ဘူး"
"အင်း"
"ခဏခဏမက်နေတာ သူ့ကိုပဲ၊ သိလား မား၊ မျက်နှာမမြင်ရပေမယ့် သူမှန်း သား သိနေတယ်"
၂၀၁၉ခုနှစ်၊ မူဆယ်မြို့။
ဖြူဖြူဝိုင်းဝိုင်းကောင်လေးသည် လူပျိုပေါက်အရွယ် ဖြူဖြူသွယ်သွယ် ကောင်လေးဖြစ်နေပြီ။
"မား သား မန္တလေးမှာ ကျောင်းတက်ချင်တယ်"
သူအမြဲတမ်း ဆယ်တန်းအောင်ရင် ပါးပါး ဆီလိုက်သွားပြီး ဟိုမှာပဲ ကျောင်းတက်တော့မည်ဟုပြောနေကြဖြစ်သည်။
အိပ်မက်ထဲက မိန်းကလေးတစ်ယောက်ကြောင့် ပြောင်းလဲသွားမှန်းသိလျှင် မားမား စိတ်ဆိုးလေမလားမသိ။မဆိုးတော့မဆိုးလောက်ပါ။ မားမား သည် သူ့ကို ဒီမှာပဲ နေစေချင်သူဖြစ်သည်။
YOU ARE READING
အမှားသင့်ကြမ္မာ -The Wrong Destiny
RomanceUnicode လူတွေဘာလို့သံသရာမှာ ပြန်ဆုံကြလဲသိလား ရေစက်ကြောင့်၊ ဝဋ်ကြွေးကြောင့် ၊ အချစ်ကြောင့်၊ အမုန်းကြောင့်၊ ရန်ငြိုးကြောင့် သူမကရော သူမချစ်ရတဲ့သူနဲ့ ဘာကြောင့်ဆုံခဲ့တာလဲ Zawgyi လူတွေဘာလို့သံသရာမှာ ပြန်ဆုံကြလဲသိလား ရေစက်ကြောင့်၊ ဝဋ်ကြွေးကြောင့် ၊ အချစ်ေ...