သူ့ကို မန္တလေးမြေက နွေးထွေးစွာကြိုဆိုခဲ့ပါ၏။ အိပ်မက်နတ်သမီးလေးကိုမူ အစအနပင်မတွေ့ရသေးသော်ငြား ရှာဖွေနေဆဲ။ တကယ်တော့ တစ်ရက်ကတွေ့ခဲ့ပေမယ့် သူ့နှလုံးသားက တုံ့ပြန်ခဲ့သော်လည်း သူ့အိပ်မက်နတ်သမီးမှန်း သူမရိပ်မိခဲ့ပါချေ။ ထိုနေ့...ထိုနေ့က...သူဘာကြောင့် ဦးပိန်တံတားကို ရောက်သွားမှန်းမသိ၊ ပြန်တွေးကြည့်မှ ကံကြမ္မာက ထိုမိန်းကလေးနှင့်ဆုံရန် ဖန်တီးပေးခဲ့သည်လား။
အဲ့ဒီနေ့ ညကမှ သူ့နတ်သမီး၏ မျက်နှာကို အိပ်မက်ထဲတွင် ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ရသည်။ သူ့နတ်သမီးသည် အတော့်ကိုလှသည်။ ဆေးကျောင်းမှာရှိမှန်းသူသိထားသော်လည်း
ကျောင်းဝန်းကျင်တွင် ဆင်ဆင်လေးတောင်မတွေ့ရ။ သူပဲ အမှတ်မှားလေသည်လား။
တံခါးဖွင့်သံကြားလိုက်ရပြီး အခန်းဖော်ဖြစ်သူ ဝင်လာသံကိုကြားလိုက်ရသည်။ထိုအခါ သူ အတွေးစတို့ကိုရပ်လိုက်ပါ၏။"ရော့ မင်းမှာလိုက်တဲ့မုန့်"
စားပွဲပေါ်တင်ပေးသော ကိတ်မုန့်ကိုယူကာ ကျေးဇူးတင်စကားပြောလိုက်သည်။
ခပ်ဆင်ဆင်က မိန်းကလေးထဲတွင်သာမရှိတာ၊ သူ့အခန်းဖော်နှင့်တော့ အတော်လေးဆင်သည်။ သူ့အခန်းဖော်အမည်က ပိုင်စေသျှင်။ တရုတ်အမည်က ကျန်း ရီိပိုင်၊ သူကတော့ ရှောင်ပိုင် လို့ပဲ ခေါ်သည်။ ရှောင်ပိုင်သည် အသားဖြူဖြူ ပိန်ပိန်ရှည်ရှည်နှင့် ကြည့်ကောင်းသည်ဟုဆိုနိုင်သည်။ အရပ်ကလည်း ၆ပေနီးပါးရှိမည့် သူနှင့် မတိမ်းမယိမ်း။
ရှမ်းတရုတ်စပ်ဖြစ်ပြီး သူကလည်း ရှမ်းတရုတ်ဖြစ်သောကြောင့် နှစ်ဦးသား ပေါင်းဖြစ်နေသည်။ နှစ်ဦးသားမှာ အေးအေးဆေးဆေး နေတတ်သူများဖြစ်ရာ ပြဿနာတွေဘာတွေ မရှိ။ တစ်ခုပဲ...ဂိမ်းကို ရည်းစားတော်ထားသော ရှောင်ပိုင်သည် နေ့နေ့ညည ဂိမ်းတော့အတော်ဆော့သည်။ ည ဘက်တွေလည်းမအိပ်။ မနက်ကျမထ။ ဒီလိုနဲ့ လွတ်ခဲ့သည့် အတန်းချိန်တွေမနည်း..တစ်ချက်တစ်ချက် ထထဆဲသေးသည်။
သူကတော့ဂိမ်းတွေဘာတွေ ဆော့ရတာ သိပ်မကြိုက်။
သူကြိုက်တာ သီချင်းနားထောင်ရတာနဲ့ ရုပ်ရှင်ကြည့်ရတာပဲ ဖြစ်သည်။ အားသည့်အချိန်တွင် ဇာတ်ကားလေးဘာလေး ဘာသာပြန်သည်။
ESTÁS LEYENDO
အမှားသင့်ကြမ္မာ -The Wrong Destiny
RomanceUnicode လူတွေဘာလို့သံသရာမှာ ပြန်ဆုံကြလဲသိလား ရေစက်ကြောင့်၊ ဝဋ်ကြွေးကြောင့် ၊ အချစ်ကြောင့်၊ အမုန်းကြောင့်၊ ရန်ငြိုးကြောင့် သူမကရော သူမချစ်ရတဲ့သူနဲ့ ဘာကြောင့်ဆုံခဲ့တာလဲ Zawgyi လူတွေဘာလို့သံသရာမှာ ပြန်ဆုံကြလဲသိလား ရေစက်ကြောင့်၊ ဝဋ်ကြွေးကြောင့် ၊ အချစ်ေ...