Part 9 (Unicode)

24 3 0
                                    

''နုနုရေ နုနု"

အမောတကောပြေးလာသော မယ်အိသည် နုနုကိုတွေ့မှ အရှိန်သတ်လိုက်သည်။

''ညည်းသိပြီးလား၊ စစ်ကိုင်းမင်းသားလေးက ဆင်ဖြူရှင်မယ် မင်းသမီးက နဲ့ လက်ထပ်မင်္ဂလာ ဆင်နွှဲတော့မှာတဲ့"

မယ်နု လက်ထဲမှ ရေကရားသည် လွတ်ကျသွားသည်။

''ဟင်"

"ကျုပ်သတိပေးခဲ့သားပဲ နုနုရယ် ရွှေနန်းထက်က မင်းသားဟာ ရွှေနန်းထက်က မင်းသမီးကိုပဲ ကြင်ယာတော်မြှောက်လိမ့်မပေါ့။ ငါတို့လိုအပျိုတော်တွေကတော့ မောင်းမတော် အဆင့်ပဲရှိပါတယ်​အေ"

''ဘယ်တော့တဲ့လဲဟင် မယ်နု"

မယ်နု၏ အသံမှာ တုန်ယင်နေရှာ၏။ ချစ်ဦးသူ မင်းသားမှာ ရွှေနန်းထက်ဖွား မင်းသမီးတစ်ဦးနှင့် လက်ဆက်တော့မည် မဟုတ်ပါလား။

''လာမယ့် တပို့တွဲထဲလို့ ပြောနေကြတာပဲ"

မယ်အိကဆက်၍-

''သိပ်လည်း ခံစားမနေစမ်းပါနဲ့ဟာ။ တို့တွေဟာ သာမန် အပျိုတော်တွေလေ။ သာမန်အမျိုးအနွယ်က ဆင်းသက်လာတဲ့သူဟာ တော်ဝင်မျိုးနွယ် ဘယ်ဖြစ်နိုင်မလဲ''

မယ်နု တစ်ယောက် ငိုင်နေရှာသည်။ သူမအနေနှင့် မျှော်လင့်ချက်အကြီးကြီးထားလိုက်မိသည်ပဲ။တပို့တွဲဆိုရင် ခုက နတ်တော်လဆိုတော့ သိပ်တောင်မလိုတော့ဘူးပဲ။ နောင်တချိန်တွင် မင်းသားလေးက ကောက်ယူ၍ မိဖုရားအရာသို့ရောက်ခဲ့လျှင်တောင် အဂ္ဂမဟေသီ မဟုတ်၍ ကျေနပ်နိုင်မဟုတ်။

"သာမာန်အမျိုးအနွယ်ကလည်း တော်ဝင်မျိုးနွယ် အဖြစ် ရောက်နိုင်ပါတယ်။ နုနုယုံတယ် မယ်အိရယ်၊ နုနုရဲ့ဇာတာကိုကြည့်ပြီး ဆရာတော်ဟောဖူးတယ်။ နုနုဟာ အဂ္ဂမဟေသီ ဖြစ်ဖို့ ဇာတာပါလေသူပေပဲ။ တစ်နေ့မှာ အထွဋ်အမြတ်ကိုမလွဲမသွေရောက်မှာ"

နုနုရင်ထဲတွင်​တော့ မုန်တိုင်းထန်နေလေသည်။ ၁၆နှစ် အချစ်ဦးပုံပြင်သည် ဤသို့အဆုံးသတ်သွားလေရာ မခံစားနိုင်အောင်ပင်ဖြစ်လေသည်။
သို့သော် ဒီဇာတ်လမ်း ဒီမှာမဆုံးသေးမှန်းသူမသိနေပါ၏။

...................

သက္ကရာဇ် ၁၁၆၄ခု ၊တပို့တွဲ လပြည့်ကျော် သုံးရက်

အမှားသင့်ကြမ္မာ -The Wrong Destiny Tempat cerita menjadi hidup. Temukan sekarang