Part 6 (Zawgyi)

14 1 0
                                    

လက်မှနာရီကိုကြည့်မိတော့ ၅နာရီ။ ချိန်းထားသည်မှာ main building တွင်ဖြစ်သော်လည်း ဗိသုကာဌာန နားထိနုနုသျှင် ကားလေးကိုမောင်းလာခဲ့သည်။ ဘယ်လောက်မှမစောင့်လိုက်ရပါ၊ ခဏအကြာတွင် ဌာနဘက်မှ ကျောင်းသားများ အလျှို အလျှိုထွက်လာကြသည်။ ထိုအခါမှ နုနုသျှင် main building ဘက်သို့ပြန်မောင်းလာခဲ့၏။ ဌာနနားအထိရောက်လာတာကို မာန်သိရင် တခြားအတွေးတွေးနေဦးမည်။
ဟင်..တခြားအတွေး၊ နုနုသျှင် သူမဘာသာစဉ်းစားပြီးရယ်လိုက်မိသည်။
အနှီအချေကောင်လေးကို ဘယ်အချိန်ကစပြီး သူမရရင်ထဲ ထည့်ထားမိပါလိမ့်။

main building ရှေ့နားတွင် ferry တစ်စီးရှိနေသည်နှင့် ထိုကားနောက်တွင်ပင် ရပ်လိုက်၏။
ခဏအကြာတွင် သူမစောင့်ဆိုင်းနေပါသော ဟိန်းကလေးသည် မိန်းကလေးတစ်ယောက်နှင့်ယှဉ်တွဲကာ ferry နားရောက်လာပါ၏။ ထိုမိန်းကလေးက ferry ပေါ်တက်သွားပြီး အချင်းချင်း လက်ပြနှုတ်ဆက်နေကြသည်။

နုနုသျှင်မကျေနပ်၊ ဘာကိုမကျေနပ်မှန်းလည်းမသိ။
'မကျေနပ်စရာဘာအကြောင်းရှိလို့လဲ..ငါကသူ့ကိုကြိုက်နေတာလည်းမဟုတ်...အယ့်...ငါကကြိုက်နေတာလည်း...မဟုတ်လောက်ပါဘူး'
တစ်ကိုယ်တည်းရေရွတ်နေရင်း ရှေ့ကိုကြည့်နေမိသည်။ferry ထွက်သွားချိန်မှ သူမ ကားထဲက ထွက်လိုက်သည်။

"သွားရအောင်လေ မောင်လေး"

ကားလေးသည် ပုသိမ်ကြီးလမ်းမ​ပေါ်တွင် ခုတ်မောင်းနေပြီး မကြာမီ နန်းရှေ့သို့ရောက်လာသည်။

"မောင်​လေး ပင်ပန်းနေမှာပေါ့ Bubble teaသောက်ရအောင်လေ၊ city mart ဝင်လိုက်မယ်နော်"

တိတ်ဆိတ်နေသောလေထုကို နုနုသျှင် ဖြိုခွင်းလိုက်သည်။

"အစ်မသဘောပါ"

"ခုနက ကောင်မလေးလား"

"ကျွန်တော် ဖြေရမှာလား"

"မင်းသဘောပဲလေ"

"ဟုတ်တယ် ကျွန်တော့်ကောင်မလေး"

"သြော်"

City mart တွင် bubble teaဝယ်ပြီးနောက် ကျုံးဘက်သို့ ဆက်မောင်းလာခဲ့သည်။ ၆နာရီထိုးခါနီးဖြစ်၍ နေဝင်နေလေပြီ။ အပူရှိန်သိပ်မရှိတော့။
ခုံတွင်ထိုင်နေရင်း မြို့ရိုးနှင့် ကျုံးရေပြင်ကို bubble teaသောက်ကာ ကြည့်နေသော်လည်း နုနုသျှင်၏ စိတ်တွင်းတွင်မူ "ဟုတ်တယ် ကျွန်တော့် ကောင်မလေး" ဟူသော အသံကိုသာကြားနေသည်။အကြိုက်​ဆုံး Stawbarry bubble tea ကလည်း ဒီနေ့မှ ခါးနေသလို၊ bubble စေ့ပဲနင်နေသလိုလို ခံစားနေရသည်။

အမှားသင့်ကြမ္မာ -The Wrong Destiny Where stories live. Discover now