"Chemistry က အရမ်းရှုပ်တယ်ကွာ၊Physics လည်းမရဘူး ။ uni ရောက်ရင် စာတွေကလွယ်သွားပြီလို့ပြောပြီးကွာ ၊ အခုက ဆယ်တန်းစာရဲ့ ၅ဆ လောက်လုပ်နေရတယ်။ ငါတို့ဆေးကျောင်းပဲ ဒီလိုဖြစ်နေတာလားကွာ၊ တခြားကျောင်းတွေရော ဘယ်လိုလဲမသိဘူး"
ရန်ပြေငြိမ်းသည် စာကြည့်နေရင်းမှ စိတ်ပျက်လက်ပျက် ငြီးတွားမိသည်။ အခန်းဖော် ပိုင်စေသျှင်ကတော့ ဂိမ်းဆော့နေလေသည်။
"တခြားကျောင်းက ငါ့ဘော်ဒါတွေလည်း စာများလို့ ငြီးနေကြတယ်ကွ။ ငါတို့ကို ဆရာမတွေက ဂျင်းအခင်းလိုက် သိပ်လိုက်တာဟေ့...shit...mmက **သုံးမကျဘူးကွာ **လိုတွေလုပ် ****"
ပိုင်စေက ဂိမ်းဆော့နေရင်ဖြေသည်။"ဒီပုံစံအတိုင်းဆို ငါကျတော့မှာပဲ၊ ဘယ်လိုလုပ်ရမလဲမသိဘူး"
''မင်းကလည်းကွာ စိတ်ပူလို့ ခုမှနှစ်စပဲရှိသေးတယ်"
''မရဘူးကွ supple ထိရင် မားမားက မုန့်ဖိုးဖြတ်မှာ၊ ငါ့မားမားကိုကြောက်တယ်ကွ၊ ပြောရင်ပြောတဲ့အတိုင်းလုပ်တာကြီး"
"မင်း ဆယ်တန်းတုန်းက chemistry 98 ၊ Maths 100 ဆို"
"အဲ့တာ ဆယ်တန်းလေကွာ၊ Maths 100ရခဲ့လည်း ဆေးကျောင်းမှာ ခွေးဖြစ်တာပဲဟ"
ရန်ပြေ စိတ်ပျက်လက်ပျက် ဆိုလိုက်သည်။''သိပ်လည်းစိုးရိမ်မနေပါနဲ့ကွာ၊အချိန်တွေရှိပါသေးတယ်"
''ပါပါးက ငါ့ကိုအရမ်းမျှော်လင့်ထားတာ။ ပါပါးကို စိတ်ပျက်စေမိမှာ ငါကြောက်တယ်"
''ဟုတ်ပါပြီ ပါပါးမာမားboyလေးရဲ့၊ တက္ကသိုလ် ပဲ ရောက်နေပြီ ဇွတ်တွေလိမ္မာနေ"
''မင်းမသိပါဘူးကွာ"
''သိပ်စိတ်မပူပါနဲ့ ငါ့မမရှိတယ် Final Part 2 မှာ။ မမကတော့တော်တယ်။မမကိုစာရှင်းခိုင်းမယ်ကွာ၊ အဆင်ပြေမှာပါ၊ နေ့လယ် Zoo Practical ပြီးရင်...ဟာ....shit"
ဂိမ်းကို သဲကြီးမဲကြီးနှိပ်နေရင်း စကားပြန်ပြောနေရသည်မှာ လွယ်ကူမနေ။
Defeat ဟူသောအသံကြားရအပြီးတွင် ပိုင်စေ ဖုန်းကို ပစ်ချလိုက်သည်။"Defeatနေလိုက်တော့ အဲ့မှာ"
ရန်ပြေက စာအုပ်ကို ကျောပိုးအိတ်ထဲသို့ထည့်ပြီးနောက် ချိတ်ထားသော ဂျူတီကုတ်ကို ယူဝတ်လိုက်သည်။ fresher ဆေးကျောင်းသားလေးဖြစ်သည့်အလျောက် ဂျူတီကုတ်ကိုဝတ်ထားရရုံနှင့်ပင် အလိုလို ခြေထောက်နှင့်မြေကြီးမထိဖြစ်နေသည်။ဆရာဝန်ဖြစ်ချင်ခဲ့တာ သူ့အိပ်မက်လားတော့မသိပါ။
အိပ်မက်ထဲကို ရောက်ရောက်လာတတ်သော ထိုအမျိုးသမီးလေးကို ဂျူတီကုတ် နှင့်မြင်လိုက်ရသော နေ့မှစ၍ သူ ဆရာဝန် ဖြစ်ချင်ခဲ့သည် ဆိုတာကတော့ သေချာသည်။
ESTÁS LEYENDO
အမှားသင့်ကြမ္မာ -The Wrong Destiny
RomanceUnicode လူတွေဘာလို့သံသရာမှာ ပြန်ဆုံကြလဲသိလား ရေစက်ကြောင့်၊ ဝဋ်ကြွေးကြောင့် ၊ အချစ်ကြောင့်၊ အမုန်းကြောင့်၊ ရန်ငြိုးကြောင့် သူမကရော သူမချစ်ရတဲ့သူနဲ့ ဘာကြောင့်ဆုံခဲ့တာလဲ Zawgyi လူတွေဘာလို့သံသရာမှာ ပြန်ဆုံကြလဲသိလား ရေစက်ကြောင့်၊ ဝဋ်ကြွေးကြောင့် ၊ အချစ်ေ...