မာန့်ကို နှုတ်ဆက်ပြီး နုနုသျှင် အဆောင်ထဲသို့ဝင်လာခဲ့သည်။ အခန်းထဲရောက်ရုံရှိသေး၊ ရှောင်ပိုင်ဆီမှဖုန်းဝင်လာသည်။
"မမရေ၊ အခုထိစာသင်နေသေးတာလား၊ရှောင်ဖေး ပြန်မလာသေးလို့"
ထိုအခါမှ သူမ ရန်ပြေကို သတိရသွားသည်။ နာရီလက်တံက ၇နာရီကို ညွှန်ပြနေသည်။ သူမ လုံးဝကြီးကို မေ့သွားတာပဲ။
"အာ...ရှောင်ပိုင်..မမသူ့ကိုမေ့သွားတယ် သူငယ်ချင်းတစ်ယောက်နဲ့တွေ့ပြီး၊ ကျောင်းမှာပဲရှိသေးတာလားမသိဘူး
ဖုန်းချလိုက်ပြီး ရန်ပြေဆီ ဆက်လိုက်သည်။
"ဟယ်လို မမနု"
"Sorry ရန်ပြေ၊ အစ်မ မေ့သွားတာ စောင့်နေသေးတာလား"
"မမနုက ခဏပဲဆိုလို့"
"Sorry Sorry အစ်မ တကယ် စိတ်မကောင်းပါဘူး"
"ရပါတယ်ဗျာ "
မမနုသာစိတ်ချမ်းသာရင် ရန်ပြေကတော့ဘယ်လိုဖြစ်ဖြစ်ပါ။
အချစ်ဆိုတာ သူ့ကို စိတ်ချမ်းသာစေခြင်း၊ ပျော်ရွှင်စေခြင်းပဲမဟုတ်လား။မမနုကို ဘယ်လိုစချစ်မိလဲ ဆိုရင် ဘဝအဆက်ဆက်က သံယေဇဥ်တွေကြောင့်လို့ပဲ ဖြေရမှာပဲ။ တကယ်သာ ဘဝစဥ်ဆက် သံယောဇဥ် တွေ ရစ်နှောင်ခဲ့ရိုး မှန်ခဲ့ရင် မမနုကရော ဘာကြောင့်များ ရန်ပြေ့ကို စိတ်ထဲမရှိရတာလဲ။
သြော်...အချစ်ဆိုသည်မှာ အဖြေမရှိသော ပုစ္ဆာ မဟုတ်ပါလား။မာန်သည် ဖုန်း screen ကို စိုက်ကြည့်နေရင်း သက်ပြင်းချနေသည်။ ဂျူတီကုတ်အဖြူရောင်လေးနှင့် ဆရာဝန်မလေး နုနုသျှင် သည် ဖုန်း screen တွင်နေရာယူထားပါ၏။
သူဘာလို့ ဒီအမျိုးသမီး၏ wall ထဲ ဝင်ကြည့်နေမိပါလိမ့်။
မိန်းမတွေ သူ့ဘဝထဲ ထပ်ပြီးဝင်ရှုပ်မှာကို သူ လက််မခံနိုင်။
သို့သော် ဒီအမျိုးသမီးက သူ့စိတ်ထဲ ခဏခဏ ဝင်လာသည်။
မာန်သည် ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းလိုသူဖြစ်သည်။
သူငယ်ချင်းတွေနှင့် ဂိမ်းဆော့မည်။ လက်ဖက်ရည်ဆိုင်ထိုင်မည်။ နှလုံးသားရေးပြဿနာများကို သူ မခံစားချင်တော့။
ခံစားနိုင်စွမ်းလည်းမရှိတော့ပါ။
ESTÁS LEYENDO
အမှားသင့်ကြမ္မာ -The Wrong Destiny
RomanceUnicode လူတွေဘာလို့သံသရာမှာ ပြန်ဆုံကြလဲသိလား ရေစက်ကြောင့်၊ ဝဋ်ကြွေးကြောင့် ၊ အချစ်ကြောင့်၊ အမုန်းကြောင့်၊ ရန်ငြိုးကြောင့် သူမကရော သူမချစ်ရတဲ့သူနဲ့ ဘာကြောင့်ဆုံခဲ့တာလဲ Zawgyi လူတွေဘာလို့သံသရာမှာ ပြန်ဆုံကြလဲသိလား ရေစက်ကြောင့်၊ ဝဋ်ကြွေးကြောင့် ၊ အချစ်ေ...