Part 5 (Zawgyi)

14 0 0
                                    

"​မောင်က ခိုင့်ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး သိလား"

"အဲ့လိုတော့ပြောလို့မရဘူး အစ်မ၊ ယောက်ျားတ
စ်ယောက်ရဲ့ဘဝမှာ အချစ်ထက်အရေးကြီးတာတွေအများကြီးရှိတယ်။ ခိုင့်ကိုမရွေးခဲ့တာ တစ်ခုတည်းနဲ့ မောင် ခိုင့်ကိုမချစ်ပါဘူးလို့ တထစ်ချ ကောက်ချက်ဆွဲလို့ မရဘူး အစ်မ"

ဤသည်မှာ နုနုသျှင်နှင့် ဟိန်းစည်သူမာန် တို့ MTU ကျောင်းဝင်းရှိ တမာဥယျာဉ်တွင်ထိုင်ကာ ပြောဆိုနေကြခြင်းဖြစ်သည်။
စာအုပ်တွေကို ချစ်သူများဖြစ်ကြသည့်အတွက် အချိနိတိုအတွင်း ရင်းနှီးလာကြသည်။ ယခုသည် ဟိန်းစည်သူမာန် က နုနုသျှင်ကို စာသင်ပေးသည့် ဒုတိယအပတ်ဖြစ်သည်။လိုင်းပေါ်တွင်လည်း စာအုပ်တွေနှင့်ပတ်သက်၍ အတော်များများပြောဖြစ်ကြသည်။

လူတစ်ဦးနှင့် တစ်ဦး ရင်းနှီးကျွမ်းဝင်ဖို့ရာသည် ကြားခံနယ် တစ်ခုလိုအပ်သည်။ မာန်နှင့် နုနု အတွက်ကတော့ စာပေသည် ကြားခံနယ်တစ်ခု​ဖြစ်ခဲ့ပါ၏။

"မောင်က ခိုင့်ကို နောက်ဆုံးအချိန်ထိရက်စက်ခဲ့တယ်။ နောက်ဆုံးအချိန်မှာတောင် ခိုင်ကြားချင်တဲ့ စကားကို မပြောခဲ့ဘူး။မောင်က အနစ်နာခံတယ်ဆိုတာကို အစ်မ လက်မခံဘူး။ မောင် က အတ္တကြီးတာ"

"မောင်က ခိုင့်အပေါ်ရော ငြိမ်းမောင်အပေါ်မှာပါ သံယောဇဉ်အတော်ရှိတယ်။အားလုံးကောင်းဖို့အတွက် သူရွေးချယ်ခဲ့တာလို့ ကျွန်တော်မြင်တယ်"

"အဲ့တာဆို အစ်မပြောမယ်နော်၊ မောင် ခိုင့် ကို​မရွေးရတဲ့အကြောင်းရင်းက နှစ်ချက်ပဲရှိမယ်။ ပထမအချက် က ယောက်ျားလေးတွေက သူငယ်ချင်းကိုပိုချစ်ကြတယ်တဲ့။ အဲ့တော့​ မောင်လေးပြောသလိုပြောရရင် မောင်က ခိုင့်ကိုချစ်တယ်ပဲထား၊ သူငယ်ချင်း ဖြစ်တဲ့ငြိမ်းမောင်ကို ပိုချစ်လို့ ခိုင့် ကိုပေးလိုက်တယ်ပေါ့။ ဒါပေမယ့် အစ်မသူငယ်ချင်းတစ်ယောက်ပြောဖူးတယ် ယောက်ျားလေးတစ်ယောက်က ကိုယ်တကယ်ချစ်တဲ့မိန်းကလေးကိုဆို တခြားတစ်ယောက်ကိုမပေးဘူးတဲ့။ သူငယ်ချင်းလည်း လုမှာပဲတဲ့။ အဲ့မှာတင် အဖြေကပေါ်နေပြီ၊ ခိုင် ဟာ မောင့်အတွက် သူငယ်ချင်း နဲ့လဲနိုင်လောက်အောင် ချစ်ရတဲ့သူမဟုတ်လို့ပဲ။

အမှားသင့်ကြမ္မာ -The Wrong Destiny Where stories live. Discover now