Chapter - 81

33.3K 4.3K 882
                                    

#Unicode

ဒီရွာလေးရဲ့နှစ်စဉ်ကြင်းပမြဲဖြစ်တဲ့ ပန်းပွဲတော်ရောက်ရန် တစ်ပက်သာလိုတော့တယ် … ရှန်ဝေတစ်ရွာလုံးကိုပတ်ပြီး လျှောက်ကြည့်နေပြီး ပွဲတော်အတွက်ပြင်ဆင်နေကြပုံကို လေ့လာနေတယ် … ရွာထဲရှိလူတွေက ဝါးနှီးတွေနဲ့ အိမ်ရှေ့တွေမှာ ပန်းထားဖို့ စင်အသေးလေးတွေဆောက်ကြပြီး အသီးအနှံတချို့ကိုလဲ ရှာဖွေစုဆောင်နေကြတယ် … ဒါက ပန်းပွဲတော်လား အသီးပွဲတော်လားပင်ကွဲမည်မထင် …

" အရှေ့ကလူငယ်လေး "

" ဗျာ … ကျွန်တော့ကိုခေါ်တာလား "

ရှန်ဝေ ခေါ်သံကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ အသက်အနည်းငယ်ကြီးရင့်ပြီဖြစ်တဲ့အဖိုးတစ်ဦးက ဝါးခြမ်းစည်းတစ်ခုကိုထမ်းလျှက် လမ်းဖယ်ပေးရန်ပြောချင်တာမှန်းသိလိုက်ရတယ် …

သိုပေမဲ့ ဝါးတွေက အရမ်းလေး၍ထင် အဖိုးရဲ့ခါးပင်ကိုင်းညွှတ်သည်ထိ ထမ်းလာတာကိုတွေ့လိုက်ရတော့ ရှန်ဝေ ရပ်မကြည့်နေနိုင်ပဲ ယူပြီး သူ့ရဲ့ပခုံးပေါ်တင်လိုက်တယ် …

ထိုအခါ အဖိုးအိုက အံ့ဩသွားသည့်နယ် ကြောင်ကြည့်နေပြီးနောက် သဘောကျစွာပြုံးသွားလေတယ် …

" မြို့ပေါ်ကလူငယ်တွေက ထင်ထားတာထက် အင်အားကြီးမားကြတာပဲ … အဟား "

ရှန်ဝေကပါ အလိုက်သင့် ရယ်လိုက်ပြီး …

" ဒီလောက်ကတော့ ကျွန်တော်တို့အတွက် ပုံမှန်ပါပဲ …

အားအင်ဆိုတာ ကိုသုံးတတ်ရင် သုံးတတ်သလို ရရှိတယ် …

အကန့်အသတ်မရှိဘူး "

" အဲ့ဒါပြောတာ … ခုခေတ်လူငယ်တွေက ဒီကလူငယ်လိုမျိုးမတွေးတတ်ကြဘူး …

အဖိုးသားဆို လူငယ်ဖြစ်ပြီး သုံးစားလို့ကိုမရဘူး …

အဖိုးတို့ငယ်ငယ်တုန်းကနဲ့ကွာပါ့ "

ရှန်ဝေက လူတွေနဲ့အလိုက်သင့်ဆက်ဆံတတ်သူမို့ ခနလေးနဲ့အဖိုအိုရဲ့ချစ်ခင်မှုကိုရရှိသွားပြီး စကားတွေတပြောပြောနဲ့ အိမ်လေးထံရောက်လာခဲ့ကြလေတယ် … အဖိုးရဲ့အိမ်က သူတို့တည်းတဲ့အိမ်ရဲ့ သုံးအိမ်ကျော်လောက်မှာပဲရှိတာမို့ ရှန်ဝေ အိမ်ပြန်လမ်းနဲ့ကွက်တိဖြစ်သွားတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now