#Unicode
မနက်စာအတွက်အလုပ်ရှုတ်နေတဲ့ ချူးရှန့်ကို ရှန်ဝေ ထုံးဆန်အတိုင်း နှောက်ယှက်ဖို့ ဘေးနားမှနေစောင့်ကြည့်နေတယ် … ဘာကြောင့်မှန်းမသိ ဒီရွာလေးမှာနေရတာ စိတ်ပေါ့ပါးလန်းဆန်းသလို ပိုပျော်ရွှင်ရတယ်လို့ ရှန်ဝေ ခံစားမိတယ် … ပြီးတော့ ခုချိန်ထိမျက်မှန်ရှာမတွေ့သေးတဲ့ချူးရှန့်ကိုစရတာက မရိုးနိုင်တဲ့သူ့ရဲ့အလုပ်တစ်ခုပေါ့ …
" အကို … အဲ့ဒါဆားတွေလေ "
" ဟုတ်လား … ဒါကဟင်းချိုမှုန့်တွေမဟုတ်ဘူးလား "
" အေရာင်တူနေတာ … ဟင်းချိုမုန့်ကအပေါ်မှာ "
ချူးရှန့်မီးဖိုချောင်မဝင်ခင်ကတည်းက ထားနေကြပစ္စည်းနေရာတွေကို ရှန်ဝေတမင်ရွှေ့ထားခြင်းပင် … ဘာကြောင့်ဆို ချူးရှန့်ဘာလုပ်လုပ် သူ့အားအကူအညီတောင်းခံစေလို၍ … ထင်တဲ့အတိုင်း ဒီမနက်စာပြင်ဆင်မှုကလဲ ရှန်ဝေအကူအညီမပါဘဲ ချူးရှန့်လုပ်နိုင်မည်မဟုတ်ခြေ …
" ရှန်ဝေ … ဒီနားကိုလာ "
" ဟုတ် "
အကြံအောင်သွားတော့ ပျော်ရွှင်နေတဲ့ ဟက်စကီးတစ်ကောင်ပမာ အမြီးလေးနှံ့ကာဖြင့် ချူးရှန့်အနားပြေးသွားလေတယ် … အနားကိုရောက်လာတော့ ရှန်ဝေအရပ်က ချူးရှန့်ထပ်ပင်ခေါင်းတစ်လုံးမကရှည်နေ၍ ထိုအနေအထားမျိုးကို ချူးရှန့်အသားမကျဖြစ်နေတယ် …
" ရှန်ဝေ … မင်းအနားကိုတိုးမလာနဲ့ "
" ဗျာ "
အနည်းငယ် နေရခက်သွားတဲ့ ချူးရှန့်ကိုမြင်တော့ ရှန်ဝေကြိတ်ခါရယ်လိုက်မိတယ် … ပြီးနောက် ရှန်ဝေ ၂ လှမ်းမျှခွာလိုက်ပြီး ငြိမ်သက်စွာရပ်လိုက်ကာ ချူးရှန့်အမိန့်ကိုစောင့်နေမိတယ် …
" ငါ့ကို အပေါ်ကဟင်းချိုမှုန့်ဘူးယူပေး "
ရှန်ဝေသူထားထားသည့်နေရာက ဘူးကိုယူပြီး ချူးရှန့်ထံကမ်းပေးလိုက်တော့ ချူးရှန့် ဟင်းပွဲထဲကို ပညာသားပါပါ ဟင်းချိုမှုန့်တွေကိုထည့်လိုက်တယ် … အမြင်တွေမှုန်ဝါးနေရင်တောင် ချူးရှန့်ရဲ့လက်ရာကတော့ ပေါ့သွားမည်မဟုတ် …
YOU ARE READING
Mafia Is My Alpha ( Lion ) { Completed }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein