Part 1

786 26 0
                                    

Kristအိပ်လို့ကောင်းနေတုန်းမြည်လာတဲ့နှိုးစက်သံကြောင့် မျက်လုံးကိုပွတ်ကာထလိုက်လေသည်။

Kristမျက်နှာသစ်ပီးအိမ်အလုပ်အကုန်လုပ်ရလေသည်။တကယ်တော့Kristကဒီအိမ်ကြီးရဲ့အစေခံတစ်ယောက်ပါ။

အိမ်ကြီးထဲကလူတွေအားလုံးကအရမ်းဆိုးကြတယ်။ဒါပေမယ့်Kristတခြားအိမ်သို့အလုပ်ပြောင်းလုပ်ရန်အစီအစဉ်မရှိပါ။

သူဒီအိမ်မှာငယ်ငယ်လေးထဲကအလုပ်လုပ်လာသောကြောင့်ဖြစ်သည်။အဓိကကတော့သူမြင်ချင်တဲ့သူ့သခင်လေးရဲ့မျက်နှာလေးကိုအမြဲမြင်နေရသည်လေ။သူ့သခင်လေးကတော့တခြားအိမ်သားတွေလိုဘဲသူ့ကိုနှိပ်စက်ပါတယ်။

Kristခြံထဲမှာသန့်ရှင်းရေးလုပ်ပီးအိမ်ထဲမှာသန့်ရှင်းရေးလုပ်ရန်ဝင်လာလေသည်။

Singto: Krist ဒီကိုလာခဲ့စမ်း

Krist: ဟုတ်ကဲ့အကိုလေး

Singto: ငါ့ဖိနပ်တိုက်ပေး

Kristလဲဖိနပ်စင်ကဖိနပ်အများကြီးကိုကြည့်ကာခေါင်းကုပ်လိုက်ပီး

Krist: ဘယ်ဖိနပ်လဲအကိုလေး

Singto: ငါ့ရဲ့အဝတ်အစားဘာ‌အရောင်ဝတ်ထားတာတွေ့လဲ

Krist: အဖြူရောင်ပါအကိုလေး

Singto: အဲ့တာဆိုအဖြူရောင်ဖိနပ်သုတ်လေ မင်းဒီအိမ်မှာနေတာဘယ်လောက်ကြာနေပီလဲ ခုထိငါ့ရဲ့အကြိုက်ကိုမသိဘူးလား

Krist: တောင်းပန်ပါတယ်အကိုလေး

အဲ့အချိန်မှာSingtoအမေအခန်းထဲကထွက်လာပီး

Singto'mom: စောစောစီးစီးနားကိုညီးနေတာဘဲ ဟိုအကောင်နင်ငါ့သားကိုဘာတွေစိတ်အနှောက်အယှက်ပေးနေတာလဲ

Singto: ဒီမှာလေဗျာ ကျွန်တော်ဖိနပ်သုတ်ခိုင်းတာကိုဘာအရောင်လဲလို့လာမေးနေတယ် ခုထိကျွန်တော့်အကြောင်းကိုမသိသေးဘူး

Krist: မဟုတ်ပါဘူးသခင်မကြီး ကျွန်တော်ကသေချာအောင်မေးမိတာပါ

Singtoရဲ့အမေလဲKristကိုမျက်စောင်းထိုးကာဆံပင်ကိုဆောင့်ဆွဲလိုက်ပီး

Singto'mom: နင်ကငါနဲ့ငါ့သားကိုအာခံနေတာလား
နင်သေချင်နေတာလား

💚အမုန်းရဲ့နောက်ကအချစ်💚Where stories live. Discover now