Singtoညကနောက်ကျမှအိမ်ပြန်ရောက်သဖြင့်ရေချိုးပီးအိပ်ယာထဲတန်းဝင်ပီးအိပ်သွားလေသည်။မိုးလင်းတော့မှသူKristမရှိတာကိုသတိထားမိသွားပီးအိမ်ထဲမှာလိုက်ရှာနေလေသည်။Kristကိုမတွေ့ဘဲအိမ်အကူအဒေါ်ကြီးကိုဘဲတွေ့သဖြင့်
Singto: အဒေါ် Kristဘယ်သွားလဲ
အဒေါ်: အဒေါ်လဲမသိဘူးလေကွယ် အဒေါ်မနေ့ကသားအမေရဲ့ဆိုင်မှာကူလုပ်ပေးနေရတာ အဲ့တာနဲ့သခင်မကြီးကအဲ့မှာဘဲအိပ်ခိုင်းလို့အိပ်လိုက်ရတာ အဒေါ်ပြန်လာထဲကKristကိုမတွေ့ရတာကွယ့်
Singto: အဲ့တာဆိုအမေဘယ်မှာလဲ
အဒေါ်: ဆိုင်သွားတယ်လေ
Singtoလဲသူ့အမေကိုဖုန်းဆက်လိုက်ကာ
Singto: အမေ Krist ဘယ်သွားတာလဲ အိမ်မှာမတွေ့လို့
Singto'mom: သူမနေ့ကသွားစရာရှိလို့ဆိုပီးခွင့်ယူသွားတာလေ ခုထိပြန်မရောက်သေးဘူးလား ဘယ်သူနဲ့သွားအိပ်နေလဲမှမသိတာ
Singtoလဲဖုန်းချလိုက်ပီးKristမှာဖုန်းရှိသည်ကိုသတိရကာဖုန်းခေါ်လိုက်တော့ဖုန်းသံကKristရဲ့အခန်းထဲကထွက်လာလေသည်။
Singto : ဟာ Krist ဘယ်တွေသွားနေတာလဲကွာ ကိုကို့ကိုလဲဘာမှပြောမသွားပါလား
Singto တွေးနေတုန်းNamtanဆီမှဖုန်းဝင်လာလေသည်။
Singto: ဘာလဲNamtan
Namtan: အကိုKristအိမ်မှာရှိလားဟင်
Singto: မရှိဘူး ငါလဲသူ့ကိုရှာနေတာ
Namtan: ဘုရားရေ အဲ့တာဆိုဟိုလူကKristများလား
Singto: ဘယ်လူလဲ နင်Kristကိုတွေ့လို့လားNamtan
Namtan: ဟိုလေ Namtanကတော့Kristလားဘာလားတော့သေချာမသိဘူးရယ် အကိုကတော့အတူတူနေတာကြာတဲ့သူဆိုတော့ပိုသိမှာပေါ့ ....လမ်းမှာလူတစ်ယောက်ကားတိုက်မိတာမျက်နှာကပျက်စီးသွားတယ် အဲ့လူကKristနဲ့တော်တော်တူတယ်လို့Namtanထင်နေလို့
Singto: ဘာ အဲ့တာဆိုအဲ့မှာခဏစောင့်နေ ငါလာခဲ့မယ်
🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊
Gunဒီနေ့Offအပြင်ထွက်သွားသဖြင့်သူလဲOabတို့Coffeeဆိုင်ကိုသွားထိုင်နေလေသည်။Oabကသူ့နားကိုလာထိုင်ကာ