Gunအိပ်ယာနိုးတော့ခေါင်းတွေအရမ်းကိုက်ပီးမထနိုင်ဖြစ်နေလေသည်။အဲ့အချိန်မှာOffအောက်ကိုဆင်းလာပီး
Off: Gun Gun ဘာလို့ဒီမှာလာအိပ်နေတာလဲ အခန်းထဲမှာမအိပ်ဘဲနဲ့
Gunဘာမှပြန်မပြောဘဲတအင်း အင်းနဲ့ညီးနေသဖြင့်Offစိတ်ပူသွားကာGunရဲ့နဖူးကိုစမ်းကြည့်လိုက်လေသည်။
Off: ဟာ ကိုယ်တွေအရမ်းပူနေပါလား နေမကောင်းတာကိုအခန်းထဲမှာမနေဘူး Gun Gun ထနိုင်ရဲ့လား
Gunအသံတောင်မထွက်တော့ဘဲငြိမ်သွားသဖြင့်Offစိတ်ပူကာGunကိုကားပေါ်ချီတင်ပီးဆေးရုံသို့မောင်းသွားလေသည်။
ဆေးရုံရောက်တော့ဆရာဝန်စစ်ဆေးနေတုန်းOffအပြင်ခဏထွက်ကာMookကိုဖုန်းလှမ်းဆက်လိုက်လေသည်။
Off: Hello Mook နင်ဘယ်မှာလဲ
Mook: ငါအိမ်မှာ ဘာဖြစ်လို့လဲ
Off: ...ဆေးရုံကိုမြန်မြန်လာခဲ့အုံး Gunကိုယ်တွေပူပီးခေါ်မရတော့လို့ငါဆေးရုံကိုပို့ထားရတယ်
Mook: ဟာ အေး အေး ငါခုလာခဲ့မယ်
Offဆရာဝန်ဆီပြန်သွားပီးအခြေအေနကိုေမးတော့အဖျားကြီးပီးသတိလစ်သွားတာလို့ပြောပါတယ်။ခဏနေတော့Toyနဲ့Mookလဲရောက်လာလေသည်။Mook Gunဘေးနားမှာဝင်ထိုင်လိုက်ပီး Gunရဲ့လက်ကလေးကိုကိုင်ကာ
Mook: မောင်လေးရယ် မမစိတ်ပူလိုက်တာ မင်းကမမစကားကိုမှနားမထောင်တာ
Off: ဘာကိုGunကနားမထောင်တာလဲ
Mook: မောင်လေးကမိုးမိရင်ဖျားတတ်တယ်လေ ဟိုနေ့ညကနင်ကြောက်နေမှာစိုးလို့ဆိုပီးမိုးရေထဲပြန်သွားတာလေ ငါလဲထီးပေးလိုက်ဖို့မေ့သွားတယ် သူTaxiငှားလို့ရတဲ့နေရာအထိကိုဒီအတိုင်းပြေးသွားလို့ဖျားတာနေမယ် ပီးတော့ငါ့မောင်လေးမျက်ခွံတွေမို့နေပါလား ငိုထားတာလားမသိဘူး Offနင်ငါ့မောင်လေးကိုဘာပြောလိုက်လို့လဲ
အဲ့တော့မှဟိုညကသူအကြောက်လွန်ပီးGunရေတွေရွဲနေသည်ကိုတောင်သတိမထားမိတော့ဘဲGunကိုသူအတင်းဖက်ထားမိသည်ကိုသတိရသွားလေသည်။
Off: ငါကဘာပြောရမှာလဲ ဘာမှမပြောပါဘူး
Mook: ငါ့မောင်လေးတစ်ခုခုဖြစ်ရင်နင်တော့မလွယ်ဘူးနော် ငါ့မောင်လေးကိုငါစိတ်ချချင်တယ် ငါကလက်ထပ်ပီးရင်တရုတ်ပြည်ကိုသွားရတော့မှာလေ