ညနေစောင်းတော့Gunတို့အိမ်ကိုOffရောက်လာလေသည်။MookကOffကိုမြင်တော့ထရပ်ကာ
Mook: နင်ဘာလာလုပ်တာလဲ
Off: ငါနင့်ဆီလာတာမဟုတ်ဘူး Gunဘယ်မှာလဲ ငါသူနဲ့တွေ့ချင်တယ်
Mook: နင်ငါ့မောင်ကိုဘာပြောအုံးမလို့လဲ ငါ့မောင်လေးနင့်ကြောင့်ခံစားနေရတာများနေပီ
Off: ငါသူ့ကိုအဲ့လိုပြောလိုက်တာကသူ့အတွက်အဲ့လောက်ခံစားရမှန်းမသိလို့ပါ ငါသူ့ကိုတောင်းပန်မလို့ပါ
Gunလဲလှေကားကဆင်းလာပီး
Gun: တောင်းပန်စရာမလိုပါဘူး ရပါတယ်
Off: အကိုတကယ်တောင်းပန်ပါတယ် Gunကိုတောင်းပန်တဲ့အနေနဲ့အကိုမုန့်လိုက်ဝယ်ကျွေးမယ်လေနော်
Gun: တကယ်လား
Off: တကယ်ပေါ့ လာ သွားကြမယ်
Gun: မမကျွန်တော်အကိုနဲ့လိုက်သွားမယ်နော်
Mook: နင်ဘဲအမျိုးမျိုး ခုနတော့ငိုမဲ့မဲ့နဲ့ ခုကျရုပ်ကဖြီးနေတာဘဲ သွား သွား
GunလဲMookကိုရယ်ပြပီးOffနဲ့ထွက်သွားလေသည်။
ဆိုင်ရောက်တော့မုန့်များမှာပီးOff Gunကိုကြည့်နေလေသည်။Gun: အကိုဘာကြည့်နေတာလဲ
Off: မေးစရာရှိလို့
Gun: မေးလေ
Off: Gunချစ်နေတယ်ဆိုတဲ့သူကဟိုနေ့ကကောင်လား
Gun: အကိုကဘယ်လိုထင်လို့လဲ
Off: ဘယ်လိုမှမထင်ချင်လို့Gunကိုမေးနေတာလေ
Gun: အဲ့တာဆိုလဲဘယ်လိုမှထင်မနေနဲ့ပေါ့
Off: ရပါတယ် မပြောချင်လဲမမေးတော့ပါဘူး ညကျရင်ကလပ်သွားမှာလိုက်မလား
Gun: မမဆူလိမ့်မယ် မလိုက်ရဲဘူး
Off: အိမ်မပြန်နဲ့ပေါ့ အကို့အိမ်ကိုအလည်လိုက်သွားမလို့လို့ပြောလိုက်လေ
Gun: ဟုတ်ကဲ့😁
စားပွဲထိုးကောင်လေးစားစရာတွေလာချပေးတော့Gunပလုတ်ပလောင်းနဲ့စားနေသည်ကိုOffကြည့်ကာရယ်နေလေသည်။
Off: ဖြည်းဖြည်းစားပါGunရာ ဘယ်သူမှလုမစားပါဘူး
Gun: အင်း ဒါနဲ့အကို့အဖေရောအိမ်မှာမရှိဘူးလား အကိုကလပ်ကပြန်လာရင်ဆူမှာပေါ့