Singtoတို့ကလပ်ထဲရောက်တော့SingtoကOabတို့နဲ့သွားကနေလေသည်။Kristကတော့စားပွဲတစ်ဝိုင်းမှာထိုင်နေလေသည်။ခဏကြာတော့Whiteရောက်လာပီး
White: Krist လာလေ အကိုတို့နဲ့လာကပါလား
Krist: ရပါတယ်အကို ကျွန်တော်မကတတ်လို့ပါ
White: လာပါကွာ ဒီလိုဘဲကတတ်သွားမှာပါ
အဲ့အချိန်မှာSingtoနဲ့Oabရောက်လာပီး
Oab: Whiteဘာလုပ်နေတာလဲ လာလေ ကကြမယ်
White: ငါKristကိုကဖို့လာခေါ်တာ မကတတ်ဘူးဘဲပြောနေလို့
Singto: ထားလိုက်ပါ သူမကတတ်ရင်လဲနေပါစေ
Krist: အကိုလေး ကျွန်တော်Toiletခဏသွားချင်လို့ ဘယ်နားမှာလဲမသိဘူး
Singto: ဒီကနေတည့်တည့်သွား ပီးရင်ညာဘက်ကိုချိုးလိုက် အဲ့တာဆိုရောက်ပီ
Krist: ဟုတ်ကဲ့အကိုလေး
Kristထွက်သွားတော့Singtoတို့ကဆက်ပီးကနေလေသည်။Krist Toiletသွားသည်ကိုလူတစ်ယောက်စောင့်ကြည့်နေတာကိုတော့ဘယ်သူမှသတိမထားမိကြပေ။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
Off Gunကိုလိုက်ပို့ပီးပြန်ရန်ကားစက်နှိုးလိုက်လေသည်။ကားကစက်နှိုးလို့မရတော့ဘဲပျက်သွားသည်။
Off: ဟာ ဒီကားကတော့ဖောက် ပြန်ပီ
Gun: အကိုဒီညဒီမှာဘဲအိပ်လိုက်ပါလား မိုးလဲချုပ်နေပီလေ ကားကလဲပျက်နေတာဆိုတော့
Off: အေးပါ အိပ်ရတော့မှာပေါ့ နေအုံး အကိုအိမ်ကိုဖုန်းဆက်ပြောလိုက်အုံးမယ်
Offလဲသူ့အိမ်ကိုဖုန်းဆက်ပီးကားပေါ်ကဆင်းကာGunနဲ့အတူတူအိမ်ထဲဝင်သွားလေသည်။
Gun: အကို့ကိုအခန်းလိုက်ပြမယ်
Off: ပြမနေပါနဲ့ကွာ မင်းနဲ့ဘဲအတူတူနေမယ်
Gun: ဗျာ
Off: ဘာဖြစ်လို့လဲ နေလို့မရဘူးလား
Gun: ဟို အဲ့လိုတော့မဟုတ်ပါဘူး အကိုနေရတာစိတ်ကျဉ်းကျပ်မှာစိုးလို့ပါ
Off: ဘာလို့စိတ်ကျဉ်းကျပ်ရမှာလဲ ယောက်ကျားလေးအချင်းချင်းဘဲဟာကို အကိုအဆင်ပြေပါတယ်